Professional Authors

ကလေးသို့

အရိပ်ကို အရိပ်နဲ့
စိတ်ကို စိတ်နဲ့
အကြည့်ကိုလည်း အကြည့်နဲ့
ဘယ်ဘက်ကတိုက်တိုက် ရှုံးမယ်သိနေရတဲ့ တိုက်ပွဲ..
မျက်နှာပဲလွှဲထားပါရစေတော့

တိမ်လိုလူပါ..
မျက်လုံးတွေ ပြာတက်သွားအောင် စိတ်ပူမိတာကလွဲ
ကိုယ်ဘာများလုပ်ပေးနိုင်ခဲ့လို့လဲ

လေနှင်ရာ လွင့်တာ မဟုတ်ဘူး
ကိုယ့်နှလုံးသားနဲ့ကိုယ် အဆိပ်သင့်တာ
လှမ်းမဆုပ်ကိုင်ရဲခဲ့တဲ့ တိမ်တိုက်လေးကို ပြောပေးပါ
အဝါရောင်ခပ်များများ အဲဒီပန်းချီကားထဲမှာ ကိုယ်ရှိနေပါတယ်လို့

In: ကဗျာ Posted By: Date: Jun 19, 2014
Comment #1

DW! He need that one thing..You’ve got that one thing.
Everything will be fine. 😀

commentinfo By: HH at Jun 26, 2014
Comment #2

အရိပ်ကို အရိပ်နဲ့
စိတ်ကို စိတ်နဲ့
အကြည့်ကိုလည်း အကြည့်နဲ့
ဘယ်ဘက်ကတိုက်တိုက် ရှုံးမယ်သိနေရတဲ့ တိုက်ပွဲ..
မျက်နှာပဲလွှဲထားပါရစေတော့

တိမ်လိုလူပါ..
မျက်လုံးတွေ ပြာတက်သွားအောင် စိတ်ပူမိတာကလွဲ
ကိုယ်ဘာများလုပ်ပေးနိုင်ခဲ့လို့လဲ

လေနှင်ရာ လွင့်တာ မဟုတ်ဘူး
ကိုယ့်နှလုံးသားနဲ့ကိုယ် အဆိပ်သင့်တာ
လှမ်းမဆုပ်ကိုင်ရဲခဲ့တဲ့ တိမ်တိုက်လေးကို ပြောပေးပါ
အဝါရောင်ခပ်များများ အဲဒီပန်းချီကားထဲမှာ ကိုယ်ရှိနေပါတယ်လို့

commentinfo By: နွေ at Jun 26, 2014
Comment #3

Poems twe r pay twr par tal
Like

commentinfo By: loafer at Jul 30, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment