Professional Authors

ကျွန်တော်မသိသောအချစ်စစ်

လေပြေလိုနူးညံ့တဲ့အပြုံး
လှလိုက်တာ နှင်းဆီလေးလို
ဖြူစင်တဲ့ နတ်သမီးလေးတစ်ပါး………….
ချိုမြိန်ဆဲ စကားလုံးများနဲ့
ချွဲနွဲ့တဲ့ခင်…………..

သူ့ရဲ့အလှမှာယစ်မူး
ချစ်ခဲ့မိတဲ့ ကျွန်တော်
အရူးတစ်ပိုင်းနဲ့အချစ်ကျွန်………….
သူတောင်းဆိုသမျှလိုက်လျော
သူမျက်ရည်လေးဝဲပြောသမျှ
အကြွင်းမဲ့ကိုယုံကြည်
ဘာကိုမှမမြင်နိုင်ခဲ့တဲ့ ကျွန်တော်………….
ဒါကိုအချစ်စစ်လို့ထင်မိခဲ့တဲ့ ကျွန်တော်……….

လေပြေလေးကိုသာယာ
မုန်တိုင်းဖြစ်မှာကိုမသိ…………..
နှင်းဆီအလှကိုပဲတွယ်တာ
ဆူးခက်တွေကိုမတွေ့…………..
ချိုမြိန်တဲ့အရသာ
ဆေးသကြားမှန်းမသိ…………..
စွန်းထင်းနေတဲ့ နှလုံးသားကို
ဖြူစင်ခြင်းနဲ့ဖုံးကွယ်…………..
မာရ်နတ်ရဲ့သမီးလိုမာယာတွေနဲ့
လှည့်စားခံလိုက်ရတဲ့ ကျွန်တော်…………

လိုချင်ခဲ့တာ အချစ်စစ်…………..
ရရှိခဲ့တာ အမုန်းနဲ့နောင်တ…………..
ပေးဆပ်ရတာ အချိန်နဲ့ပျော်ရွှင်မှု………….
ဒီတော့………..
အချစ်စစ်ဆိုတာ……….
ဘယ်လိုမျိုးလဲ
သိချင်နေဆဲ……..ရှာဖွေဆဲ။

In: ကဗျာ Posted By: Date: Jun 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment