Professional Authors

နင့်အတွက်ငါ့ကမ္ဘာ (မိုးဇက်)

ဥသြငှက်လေးတောင်အလွမ်းတေး ကျူးဧတတ်သေးရင်
ခံစားတတ်တဲ့ငါက မလွမ်းဘယ်မှာရှိပါ့မလဲ ကောင်မလေးရယ်
ဖုန်းဆက်မှသာ သတိရတယ်လို့သတ်မှတ်ရင်
ဒီရင်ထဲရှိရှိသမျှတစ်နေကုန်ကိုပြောဝလိမ့်မယ်မထင်
စိတ်ချင်းသာဆက်သွယ်ထားကြရင်
ဆက်သွယ်မှုပြင်ပဘယ်ကမ္ဘာပဲရောက်ရောက်
တို့နှစ်ယောက်ရဲ့ သံယောဇဉ်ကြိုး
ဘယ်အငြိုးနဲ့မှ မပြတ်တောက်နိုင်ပါဘူး ချစ်သူရယ်….

အဖွဲ့အနွဲ့တွေ မနှစ်သက်တတ်တဲ့နင့်အတွက်
ရယ်စရာဖြစ်မှာစိုးလို့
ချစ်တတ်ခြင်း သတိရခြင်းတွေသိမ်းထုတ်
ငါဟန်ရေးလုပ်နေတာဆိုရင်
နင်ဘယ်လိုပြစ်တင်အုံးမလဲ…..

အသက်ရှင်သေးတယ်နော်လို့ပြောတဲ့နင့်အပြော
ငါရင်မောရတယ်ကောင်မလေးရယ်
တကယ်ဆိုငါ့ရင်ထဲ နင်အမြဲရှိတာ
နင်မသိတာလား နင်ရိနေတာလား
ကွဲကွဲပြားပြားတော့ သိချင်မိတယ်…..

တစ်ကယ်ဆိုရင်…..
နင်မရှိ နင်မသိတဲ့နေရာတစ်နေရာဟာ
နင့်အတွက်ငါ ချန်ထားဆဲ
နင်နားချင်နား သွားချင်ရင်သွားပါ
ငါဟာနင့်အတွက် ပါရမီဖြည့်ဖက်အဖြစ်
ချစ်လျှက်စောင့်စား နှစ်လများစွာအထိ.…….။

In: ကဗျာ Posted By: Date: Jun 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment