Professional Authors

မိုး

တိမ်သားတွေမပြေးခင်အရောက်လာခဲ့ပါ
အဝေးက ငေးမနေပါနှင့်

မိုး
တိမ်သားရိပ်ချင်းသဘောထားမနီးလို့
လှောင်ရယ်သံခပ်ပြင်းပြင်းတွေနဲ့
ရွာမယောင်မပြုပါနှင့်

မိုး
လေပြေထိုးလို့ သွေးတိုးစမ်းရနံ့ပြပြီး
သူ့နောက်ကိုမလိုက်ပါနဲ့
နီးနေခိုက်လေးတော့
ခဏဖြစ်ဖြစ်ဝင်လည်လှည့်ပါ

မိုးရေ…
ဦးမော့ပြီးမျှော်နေသူအဖို့
သွန်းဖြိုးလို့သာလာပါတော့
နွေရက်ကပေခဲ့တဲ့
အစွန်းစက်များကိုဖျက်ချင်လို့ပါ

ဒါ့ကြောင့်
တိမ်သားတွေမပြေးခင်အရောက်လာခဲ့ပါ
အဝေးက ငေးမနေပါနှင့်

Ňāüŋg Ŷǿé Șíx

In: ကဗျာ Posted By: Date: Jun 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment