Professional Authors

အာကာသ စစ်ပွဲ

”အာကာသ စစ်ပွဲ”
++++++++++++

အာရုဏ်မတက်ခင်… မိုးလိပ်မြင်၍…
မကြာခင်…၊ ဝေဟင်နှင့် မြေပြင်….
စစ်ရိပ်ယှဉ် ကြတော့သည်…။

တိမ်များအကြား….၊ တပ်သားတစ်စုက….၊
ပုန်းလျှိုးကွယ်လျှိုး…၊ တီတိုးတိုးနှင့်…၊
တိုက်စစ်ဆင် ကြပြန်သည်……။

များမကြာမီ…၊ မိုးသားကျည်ပေါက်တွေ..၊
တစ်ဖြောက်ဖြောက်နှင့်…၊
ပစ်ခတ် ကုန်ကြပြီ………၊ ညစ်ပတ် သွားလေပြီ..၊
ကမ္ဘာမြေကြီးကတော့… ဘာမှ. မတတ်နိုင်ရှာ….။

သူမ၏.. အပေါ်ယံ အသွေးအသားတွေက…၊ မိုးသားတွေအောက်မှာ
ဆိတ်သုဉ်း ကြကုန်ပြီ…၊ အော်ညည်း နေကြသည်….၊
သူမ၏ မိတ်ဆွေ……..၊ ပင်လယ်ပြင်ကြီးကတောင်.. ၊
စိတ်ဆိုးလို့ နေပါပြီ….။

သြော်….၊
တစ်ဖက်သတ်… တရစပ်နဲ့….၊
မရပ်ဆဲတဲ့………… ရင်နာဖွယ်.. စစ်ပွဲတွေပါလား…..၊

မိုးရေစို၍… ကျောင်းမသွားရသူ
…………ကိုဇေ…………………….

In: ကဗျာ Posted By: Date: Jun 12, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment