Professional Authors

မီး..

ခင်ဗျားကိုတပ်မက်တဲ့ မီး
စိတ်ဆိုးလို့ ရင်ထဲကလောင်တဲ့ ဒီမီး
မသိခြင်းမှာပူရတဲ့ … မီးမီးမီး

ခင်ဗျားကို မွေးယူတဲ့ မီး
အိုမင်းလို့ ရင်ထဲကထိတ်လန့်တဲ့ ဒီမီး
သေခြင်းမှာပူရတဲ့ … မီမီးမီး

ခင်ဗျားကို စိုးရိမ်တဲ့ မီး
ကိုယ်၊စိတ်ဆင်းရဲလို့ ဒုက္ခတွေနဲ့လောင်တဲ့ ဒီမီး
ငိုခြင်းမှာပူရတဲ့ … မီးမီးမီး

* မီး (၁၁)ပါးကိုရည်းညွှန်းရးသားပါသည် *

လောဘမီး = တပ်မက်နှစ်သက်သဖြင့် ပူလောင်ခြင်း။
ဒေါသမီး = စိတ်ဆိုးရသဖြင့် ပူလောင်ခြင်း။
မောဟမီး = အဟုတ်အမှန်ကို မသိရသဖြင့် ပူလောင်ခြင်း။
ဇာတိမီး = ဘ၀အသစ်၌ ဖြစ်ရသဖြင့် ပူလောင်ခြင်း။
ဇရာမီး = အိုမင်းရသဖြင့် ပူလောင်ခြင်း။
မရဏမီး = သေပျက်ရသဖြင့် ပူလောင်ခြင်း။
သောကမီး = စိုးရိမ်ကြောင့်ကြရသဖြင့် ပူလောင်ခြင်း။
ဒေါမနဿမီး = စိတ်ကိုမှီ၍ မသာယာသဖြင့် ပူလောင်ခြင်း။
ဥပါယာသမီး = စိတ်ပင်ပန်းဆင်းရဲရသဖြင့် ပူလောင်ခြင်းတို့ ဖြစ်ပါတယ်။
ဒုက္ခမီး = ဒုက္ခဆင်းရဲကြောင့် မသာယာသဖြင့် ပူလောင်ခြင်း။
ပရိဒေ၀မီး = ငိုကြွေးရသဖြင့် ပူလောင်ခြင်း။

In: ကဗျာ Posted By: Date: Jun 10, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment