Professional Authors

ပုစ္ဆာ

အစွန်းတစ်​ဖက်​ချိုး အိပ်​မက်​​လေးဟာ
ဝင်္က၀ုတ္တိ ​နောက်​ပြန်​ဆွဲရင်း
အပြုံး​တွေနဲ့ နှစ်​ချလိုက်​တာ
ငါ့ ကိုယ်​ပိုင်​နာမ​တွေ ယိုင်​နဲ့သွားတယ်​…
ကိုယ်​​စောင့်​နတ်​က
၁၂ ရာသိီ​ဟောစာတမ်းအရ
၂၄ ပစ္စ​ယော ရွတ်​ခိုင်း​ပေမယ့်
ဘု​တေခဲ့တဲ့ ငါ
မခိုးမခန့်​နဲ့ ယတြာကျိုးလို့….
အတိုး​ပေးစရာမလိုတာသိတယ်
ဒါ​ပေမယ့်​…
အိပ်​မက်​​လေးအတွက်
အ​ပေါင်​ဆုံးခံလိုက်​ရတာ​တွေ
တသသနဲ့ခိုးနမ်း​နေရတုန်းပါ….
ကိုင်​တွယ်​လို့မရတဲ့ အလင်္ကာအဖြစ်​နဲ့
ခဏ ခဏ ခိုးကြည့်​ခဲ့ရတဲ့
အိပ်​မက်​လှလှ​လေး​ရေ
ကြီး​ကောင်​ကြီးမားနဲ့
အလွမ်း​တွေ ​ရေမချိုးနိုင်​​သေးတဲ့
လငပုတ်​ ဖမ်းတဲ့​ကောင်​ကို
မနက်​​စော​စောနိုးပါ
အလွတ်​မရ​သေးတဲ့ ပုစ္ဆာ
အ​ဖြေထွက်​မှဖြစ်​မယ်​….

In: ကဗျာ Posted By: Date: Jun 8, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment