Professional Authors

ဘာပူစရာရှိလဲ

လောကမှာ ပူစရာနှစ်ခုပဲရှိတယ်
ကျန်းမာတာနဲ့ မကျန်းမာတာ
ကျန်းမာနေရင် ဘာမှပူစရာမရှိတော့ဘူး
ဒါပေမဲ့ မကျန်းမာနေရင်တော့ ပူစရာနှစ်ခုရှိတယ်
နေပြန်ကောင်းရင်ကောင်း
မကောင်းရင် သေသွားနိုင်တယ်
နေကောင်းသွားရင် ဘာမှပူစရာမရှိတော့ဘူး
သေသွားရင်လည်း ပူစရာနှစ်ခုပဲရှိတယ်
ကောင်းကင်ဘုံရောက်ရင်ရောက်
မရောက်ရင် ငရဲရောက်ပေါ့
ကောင်းကင်ဘုံကိုရောက်သွားရင်တော့
ဘာမှပူစရာမရှိတော့ဘူး
ဒါပေမဲ့ ငရဲကိုရောက်သွားရင်လည်း
မိတ်ဟောင်းဆွေဟောင်းတွေကို လက်ဆွဲနှုတ်ဆက်ပြီး
အလုပ်ရှုပ်နေရတာနဲ့ 
ပူနေဖို့အချိန် ရှိမှာမဟုတ်တော့ပါဘူး ။ ။

ခိုင်..(04/06/2014- 5:00PM)

In: ကဗျာ Posted By: Date: Jun 4, 2014
Comment #1

Hote Pa…:D

commentinfo By: HH at Jun 4, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment