Professional Authors

လပြည့်ည (စိုင်းဝင်းမြင့်)

အခု မြင်နေရတဲ့အတိုင်း
မိသားစု စားပွဲခင်းလိုက်
လွတ်နေတဲ့ အသံတစ်ခု အဆာလောင်ဆုံးပဲ။

ဒီမှာ
ဝင်ရိုးစွန်းကို ထွန်းညှိလို့
ဒီမှာ
ဝေးကွာခြင်းကို ချဲ့ထွင်လို့
ဒီမှာ
စိတ်ရုးများ ဆူးပန်းပွင့်လို့
ဒီမှာ
ခေါင်ချလိုက်ရုံနဲ့ အိပ်မပျော်ဘူး။

မပျော်ခြောက်လ ပျော်ခြောက်လ
ကျွန်တေ့်ရဲ့ အလွမ်းဆုံးမှာ
အခမ်းနားဆုံး ပျက်ကျခဲ့ပေါ့။ ။

– စိုင်းဝင်းမြင့် (တစ်ယောက်တည်းစကား)

Leave Comments

Name*

Email*
Website
Email me whenever there is new comment