Professional Authors

လွမ်းတဲ့လမ်း (မောင်လှမျိုး(ချင်းချောင်းခြံ))

လွမ်းတဲ့လမ်းမှာ
ပန်းလည်း မပွင့်
ရင်နင့်စရာ..။

လွမ်းတဲ့လမ်းမှာ
ရွက်သစ်မဝေ
ရွက်ခြောက်တွေဝဲ
ကြေကွဲစရာ ..။

လွမ်းတဲ့လမ်းမှာ
စမ်းလည်းမစီး
ဝမ်းနည်းကြီးမား
သီးခြားကမ္ဘာ..။

လွမ်းတဲ့လမ်းမှာ
ချစ်သူမတွေ့
မပျော်မွေ့ဘူး.. ။
ရင်မှာစူးလျက် ရူးချင်စရာ .. ။

လွမ်းတဲ့
လမ်းမှာ ……..
…………….. ။ ။

မောင်လှမျိုး(ချင်းချောင်းခြံ)

Comment #1

လွမ်းတဲ့လမ်းမှာ
ပန်းလည်း မပွင့်
ရင်နင့်စရာ..။

လွမ်းတဲ့လမ်းမှာ
ရွက်သစ်မဝေ
ရွက်ခြောက်တွေဝဲ
ကြေကွဲစရာ ..။

လွမ်းတဲ့လမ်းမှာ
စမ်းလည်းမစီး
ဝမ်းနည်းကြီးမား
သီးခြားကမ္ဘာ..။

လွမ်းတဲ့လမ်းမှာ
ချစ်သူမတွေ့
မပျော်မွေ့ဘူး.. ။
ရင်မှာစူးလျက် ရူးချင်စရာ ..

commentinfo By: May Kha at Jun 3, 2014
Comment #2

my fav poet
forever love it

thz Ma Phyo Phyo

commentinfo By: loafer at Jul 18, 2014
Comment #3

အရမ်းကောင်းတဲ့ ကဗျာလေး … ဆရာရဲ့ ကဗျာတွေ တော်တော်များများကို အရမ်းကြိုက်ပါတယ်

commentinfo By: myo thwe at Jul 20, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment