Professional Authors

အိပ်မက် ဒိုင်ယောလော့ခ်

အိပ်မက် ဒိုင်ယာလော့ခ်……………………….

ပင့်ကူအိမ် အမျှင်တို့ကို
ကျွန်တော်ဖယ်ကြည့်ရင်း
တံခါးခေါက်ကြည့်သည်
နာရီသံတို့ တချက်ချက်
မည်သံပင်မရှိ တိတ်ဆိတ်လျှက်
ခပ်လှမ်းလှမ်းမှ
ခြေသံတချို့
ခြေသံချည်းပဲ တောင် တော် တော်လှသည်
ကျွန်တော်သိသည်
ဒီဘာသာမှာ ကျွန်တော်ဂုဏ်ထူးထွက်ခဲ့ဖူးသည်
ဒါ သူမပဲ ဖြစ်ရမည်
နှနှစ်ခန့် ကြာသော်လည်း
နှလုံးခုန်သံကို အလွတ်ရနေသည်
အပြုံးကို အလွတ်ရနေသည်
လေတိုက်တိုင်းဝဲ နေတဲ့ သူမ ဆံနွယ်တချို့ကို
အလွတ်ရနေသည်
လွတ်လပ်ပွင့် လင်းပျော်ရွှင်တတ်တဲ့
သူမ စိတ် သူမ ၀ိဥာဉ် တချို့ကို
အလွတ်ရနေပြီးသားဖြစ်သည်
သူမ အားကျွန်တော် ၀မ်းသာလုံးတို့
တားဆီးထား၍ မည်သည်မျှ မပြောဖြစ်
တိတ်ဆိတ်ညိမ်သက် ခြင်းမှ ဖုန်းလွှမ်းလို့
ကျွန်တော် ညာဖက်လက် ကို သာသာလေးပင်
သူမ မှ လှမ်းယူခဲ့သည်
လက်ဖမိုးကို ညင်သာစွာပွတ်သပ်နေသည်……….
ကျွန်တော် လန့်နိုးခဲ့သည်။
နာရီသံတွေ က လှောင်ပြုံးတို့ကို ၃း၀၀ အတိဖြင့်
ပြုံးပြနေသည်……………………..။
Facebook ပေါ်တက်၍
သူမ Page ထဲ ၀င်ကြည့် ရင်း
Ar-T ရဲ့ အိပ်မက်လေးသီချင်းနားထောင်ဖြစ်သည်။
ကျွန်တော့် နှလုံးသား နရီ ပြန်ချိန်ကိုက်နေသည်………………………………..။

In: ကဗျာ Posted By: Date: Jun 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment