Professional Authors

ဆက်ရန်များနဲ့ …. အလွမ်း

နှစ်နှစ်ဆိုတဲ့အတိုင်းတာလေးတစ်ခုမှာ
ငါ … ဆိုတာ ပြောင်းလဲခြင်းတွေနဲ့
နေသားမကျတကျ နင့်ကိုတမ်းတနေမိတုန်းပဲ
မိသော် …
ရည်းစားတွေလည်း အများကြီးထားလို့
နင်ပေးတဲ့လွတ်လပ်ခြင်းကို
ငါကောင်းကောင်းအသုံးချနေတတ်ပြီ
ငါ ခုံမင်တဲ့ ပျော်ရွင်ခြင်း .. လွတ်လပ်ခြင်းဆိုတာ
နင်မပါတော့ … နည်းနည်းခါးတယ်
မိသော် …
အရင်လို ဖုန်းတွေဆက်ပါဦးလား
အရင်လို ခဏခဏ ဆူပါဦးလား
အခုတော့ …. မိသော်ရယ်
ငါ့မှာ နင့်ကိုလွမ်းတိုင်း
လူကြီးမင်းနဲ့ပဲတိုးနေရတယ်
ချန်ခဲ့လို့ ကျန်ခဲ့တာပါ .. မိသော်
နင်ဖောက်ပေးတဲ့ လမ်းကိုလျှောက်ရင်း
ငါလမ်းပျောက်နေတုန်း …
နင့်အပြုံးတွေ ဆာလောင်ချိန်များဆို
ငါ့မှာလူမသိသူမသိ
နင့်ပရိုဖိုင်ပုံလေးဝင်ကြည့်လို့
အလွမ်းတွေက နက်သထက်နက်လာတယ်
မိသော် …
တစ်ခါတစ်ခါတော့လည်း
နင့်ရယ်သံလေးတွေ … နင့်မျက်ရည်လေးတွေနဲ့
ကမ္ဘာပျက်ဖူးတဲ့ ငါ့လိုကောင်ကို
ငါကိုယ်တိုင်ပဲ ပြန်တမ်းတ
ပြန်မရတော့တဲ့ အတိတ်ကိုအသစ်လုပ်ကြည့်ချင်သေးတယ်
မိသော် …
မျက်မှန်လေးပင့်လိုက်တိုင်း
မျက်လုံးလေး ဝင့်သွားတတ်တဲ့
အခါတိုင်း ငါသိပ်ချစ်တာပဲ
မိသော်ရယ် …
တကယ်တော့
စနစ်တကျမှားယွင်းမှုတွေနဲ့
နင့်အနားကနေတိုက်ခတ်သွားတဲ့
လေပြင်းလေးထဲမှာ
ငါဆိုတဲ့ အမှိုက်စလေးက
လွင့်မှန်းမသိ လွင့်ခဲ့ရပေါ့
နင့်ဆီကို ပြန်လာချင်တဲ့
ငါ့ခြေလှမ်းတွေကို ငါကိုယ်တိုင်ပဲရိုက်ချိုးခဲ့တာပါ
မိသော် …
ပြတ်သားတတ်လွန်းတဲ့
နင့်စိတ်ဓာတ်ကို ငါက
က ကြီး ကနေ အ အထိ
ကြိုသိနေခဲ့တာ ငါ့အတွက်
ကောင်းကျိုးဖြစ်မလာပါဘူး
မိသော် ….
နင်ပေးမက်တဲ့ အိပ်မက်တွေထဲ
ငါဆိုတဲ့ နာမ်စားလေးလည်း
လင်းတလှည့် မှိန်တလှည့်
အခုထိ ခြောက်လှန့်နေတုန်း ….

>> အခုထိ အဆုံးမသတ်ရသေး သော

# မာန်ခက်ဝင့်

In: ကဗျာ Posted By: Date: May 23, 2014
Comment #1

တစ်ခါတစ်ခါတော့လည်း
နင့်ရယ်သံလေးတွေ … နင့်မျက်ရည်လေးတွေနဲ့
ကမ္ဘာပျက်ဖူးတဲ့ ငါ့လိုကောင်ကို
ငါကိုယ်တိုင်ပဲ ပြန်တမ်းတ

(y) love it muchh

commentinfo By: oraorange at Jul 1, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment