Professional Authors

PoemsCorner Authors

မြန်မာ့မြေမှ မြင့်မြတ်မှု

နိုးထလာသည့် အာရုဏ်ဦး
နီညိုရောင်ကောင်းကင်………..
နူးညံ့သည့်လေပြည်
နွေးထွေးသောနေရောင်ခြည်
ထိတွေ့လေပြီ………….
တိမ်တွေတိုက်တဲ့တောင်တန်းတွေ………..

သာယာသည့်နွေအလှ
မျက်စိတစ်ဆုံး ရွှေဝါရောင်စပါးခင်း………..
ကမ္ဗလာသစ်တော လွှမ်းမိုးနေ
မွေးပျံ့သည့်ပန်းရနံ့………….
ငြိမ့်ညောင်းသောကျေးငှက်တို့အသံ
ခံစားမိပြီ…………..
လှည်းလမ်းလေးလည်းလှလို့လေ………….

ငြိမ်းချမ်းသည့် ဤနေရာ
ထိန်းသိမ်းကာစောင့်ရှောက်………….
မပျက်စီးအောင်ကာကွယ်
ကမ္ဘာသိအောင် မှတ်တိုင်ထူမည်…………
မြန်မာ့မြေမှ မြင့်မြတ်မှု…………..

In: ကဗျာ Posted By: Date: May 17, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment