Professional Authors

(စစ် ပွဲကြီးမြန်မြန်ပြီးပါ)

(စစ် ပွဲကြီးမြန်မြန်ပြီးပါ)
ပန်းတွေခြောက် စမ်းတွေနောက်
အနမ်းတွေမ ရောက် တဲ့ နေရာ။

သီချင်းပျောက် ကဗျာပျောက်
အနုပညာ မ ရောက်တဲ့နေရာ။

စာကျက်သံ စာအံသံ
ကဗျာ ရွတ်ဆိုသံတွေခမ်းခြောက်
ကမ္ဘာကြီး အသံပျောက်သွားတဲ့ နေရာ။

မိဘမဲ့သွားတဲ့သား
သားပျောက်သွားတဲ့ မိခင်ု
(ယမ်းငွေ့ကြားတွင် နို့တိုက်နေသည်
အ သေက လေးငယ် ကိုတည်း)
ကြားဖူးတဲ့ ကဗျာထဲကလို
ငို သံတွေ ပိုလျှံနေတဲ့ ကမ္ဘာ။

နံနက် စာ ထမင်းခွက်ကို
တစ်ပြုံ ကြီး ဝိုင်းစား
မ သေ ရုံ တမယ် နေ့ ရက် တွေကြား
ကိုယ့်ကိုယ်ကို သရဏဂုံ
တင် ထားရတဲ့ နေရာ ။

ဗုံးသံ သေနတ်သံ
သေနတ် ကျည်ဆံခွံတွေလိုက် ကောက်
ရေထည့်သောက်နေရတဲ့ နေရာ။

လမ်းတွေပေါ် မျှော်လင့်ချက်မဲ့ လမ်းလျှောက်
မြေမြှပ်မိုင်းပေါ် အသက်ပျောက်
အ ဖေ ပျောက် အ မေ ပျောက်
တ စ္ဆေခြောက်တဲ့ နေရာ။

စစ် ကာ မ ဘီလူးတွေ
အချစ် ရာဂပလူးတော့
တို့နှမ အပျိုစင် တွေ
မပွင့်ခင် ကြွေကျ
လွင့်စင်မြေခ
ရတဲ့ ပန်းတို့ကြွေရာ
မြေ နေရာ။

စစ်ပွဲကြီးမြန်မြန်ပြီးပါ
စစ်ပွဲကြီးမြန်မြန်ပြီးပါ
စစ်မြေပြင် နဲ့ အနီးတဝှိုက်
တို့ သွေးသားတွေပျော်ရွှင် ဖို့ရာ
စစ်ပွဲကြီးမြန်မြန်ပြီးပါ
စစ်ပွဲကြီးမြန်မြန်ပြီးပါ
…….
…..
……
စစ်ပွဲကြီးမြန်မြန်ပြီးပါ
ဖိုးစံ(2014,May.5)

In: ကဗျာ Posted By: Date: May 10, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment