Professional Authors

မငိုပါနဲ့

နင် မငို ပါနဲ့ လို့ ပြောပြီး အခါ ခါ ငါငိုတယ်
ရင်တခု လုံး ပွင့်ထွက်သွား မတတ်ငိုတယ်
ခန္ဓာ ကိုယ်အစိတ်အပိုင်းထဲကတခုခုဆုံးရှုံးသွားသလိုငိုတယ်
နင်လုံးဝ မငိုနဲ့ လုံးဝမငိုရဘူး နော်
ရှေ့ဆက် ရမဲ့ဘ၀တွေအတွက်
ဆက်လျောက် ရမဲ့အနာဂါတ်တွေအတွက်
နင် လုံးဝငိုလို့မဖြစ်ဘူး လုံးဝမဖြစ်ဘူးနော်
နင့်မျက် ရည်တစက်ကျတိုင်းကမ္ဘာ တခါပျက်တယ်
နှလုံး သားတွေနာကျင် ရလွန်းလို့်
ဘ၀တွေခါး သက် ရလွန်း လို့
ကျေးဇူးပြုပြီးမငိုပါနဲ့လို့
ငါပြောတာကြားလား
မျက်ရည်တွေနဲ့ပြောတာကြားလား
မငိုပါနဲ့ လုံး ၀ မငိုပါနဲ့
မျက်ရည်တွေနဲ့ ငါပြောမယ်
မငိုပါနဲ့ …….

In: ကဗျာ Posted By: Date: May 8, 2014
Comment #1

ကဗျာဖတ်ရင်းနဲ့ မျက်ရည်တောင်ဝိုင်းလာတယ်..
ဒါပေမဲ့ မငိုဘူး…

Comment #2

ငိုချင်နေတုန်းပဲ ဒါပေမဲ့မငိုဘူး

commentinfo By: moesatt at May 16, 2014
Comment #3

မျက်ရည်တွေနဲ့ ငါပြောမယ်
မငိုပါနဲ့ …….
တယ်လည်း အချစ်ကြီးသကိုးဗျ ~

With respect,
RAY

commentinfo By: X - ray at Jul 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment