Professional Authors

ငါနင့်ကိုလွမ်းနေမိဦးမယ် (repost from 2011)

စီကာစဉ်ကာမပြောချင်တော့ဘူး
ပစ်စလတ်ခတ်ထားခဲ့ခြင်းမှာ
ဒီအသည်းတစ်စုံပဲ လောင်မြိုက်
သဘောမတူပဲ စတေးခံခဲ့လိုက်တယ်
မတရားဘူးလို့တောင်မှ မ ပြော ချင် တော့ပါဘူး
ဒီခပ်မဲ့မဲ့အပြုံးအောက်မှာ အဆုံးသတ်လိုက်တယ်
ပြီးတော့….ခပ်တိုးတိုးရှိုက်သံကို မောဟနဲ့ဖုံး
မလုံ့တလုံ မျက်နက်ဝန်းနဲ့
မရဲတရဲ ခိုးခိုးကြည့်မိခဲ့တယ်
ဆုံးရှုံးမှုက ငါ့အတွက်ကျ ရက်စက်လိုက်တာ
သေရာပါမက်မောပါတယ်ဆိုမှ
တစ်စက္ကန့်စာ အကြည့်တစ်ချက်တောင်မရခဲ့ဘူးလေ
ဘာစကားမှ မဆိုနိုင်ခဲ့ခြင်းကတော့
ဆွံ့အယောင်ဆောင်ခဲ့ခြင်းပေါ့
သူနဲ့ငါ့ရဲ့အတိတ်က ငါ့ရဲ့အနာဂတ်ကိုသတ်တယ်
ငါရဲ့တည်ရှိနေခဲ့ခြင်းက သူ့ရဲ့နောင်တတွေမွေးဖွားရာတဲ့
မတူညီပုံများ တက်တက်စင်အောင် လွဲမှားတယ်

အသည်းကျွမ်းပုံပြင်တစ်ပုဒ်ပါ

ခပ်အအမျက်ရည်တစ်ချို့ရယ်
ခပ်ဆွေးဆွေးအလွမ်းမာတိကာရယ်
ခပ်ပျော့ပျော့ကောင်မလေးတစ်ယောက်ရယ်

အရောင်ထွက်နေတဲ့မာနတစ်စုံရယ်
ခပ်ရင့်ရင့် နိဂုံးရယ်
ခပ်မာမာကောင်လေးတစ်ယောက်ရယ်

ကြက်ခြေခတ်X
In: ကဗျာ Posted By: ကြက်ခြေခတ် X Date: Sep 11, 2011

In: ကဗျာ Posted By: Date: May 7, 2014
Comment #1

ငါရဲ့တည်ရှိနေခဲ့ခြင်းက သူ့ရဲ့နောင်တတွေမွေးဖွားရာတဲ့
မတူညီပုံများ တက်တက်စင်အောင် လွဲမှားတယ် 🙁

commentinfo By: Oral at May 7, 2014
Comment #2

သေရာပါမက်မောပါတယ်ဆိုမှ
တစ်စက္ကန့်စာ အကြည့်တစ်ချက်တောင်မရခဲ့ဘူးလေ
ဘာစကားမှ မဆိုနိုင်ခဲ့ခြင်းကတော့
ဆွံ့အယောင်ဆောင်ခဲ့ခြင်းပေါ့
သူနဲ့ငါ့ရဲ့အတိတ်က ငါ့ရဲ့အနာဂတ်ကိုသတ်တယ်
ငါရဲ့တည်ရှိနေခဲ့ခြင်းက သူ့ရဲ့နောင်တတွေမွေးဖွားရာတဲ့
မတူညီပုံများ တက်တက်စင်အောင် လွဲမှားတယ်

commentinfo By: niaallin at May 7, 2014
Comment #3

အသည်းကျွမ်းပုံပြင်တစ်ပုဒ်ပါ

ခပ်အအမျက်ရည်တစ်ချို့ရယ်
ခပ်ဆွေးဆွေးအလွမ်းမာတိကာရယ်
ခပ်ပျော့ပျော့ကောင်မလေးတစ်ယောက်ရယ်

အရောင်ထွက်နေတဲ့မာနတစ်စုံရယ်
ခပ်ရင့်ရင့် နိဂုံးရယ်
ခပ်မာမာကောင်လေးတစ်ယောက်ရယ်
super like!!!!

commentinfo By: moezat at May 12, 2014
Comment #4

Comment တွေဖတ်ရတာ အားရှိလိုက်တာ။
ကျေးဇူးတင်ပါတယ်နော်။

commentinfo By: ကြက်ခြေခတ် X at May 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment