Professional Authors

တနင်္ဂနွေ မနက်စာ

နင့်ရဲ့ စိတ်နဲ့ ချိတ်မိရဖို့ 
နွေနေ ဘယ်နှစင်း ..
ငါ ချဉ်းနင်း ဖြတ်ကျော်ခဲ့ရမလဲ။

နင်ရှိရင် ပြည့်စုံပြီ လို့ 
တစ်ယောက်ယောက်က အာမခံနိုင်လိမ့်မယ်၊

ကောင်းပါတယ် …၊
ငါကတော့ နင်မရှိရင် မပြည့်စုံဘူး လို့ ပဲ
ယုံ … တယ်၊
သေချာတယ် …။

လောဘကြီးတယ်ပဲ ဆိုကြပါစို့ ၊

ငါကလည်း
ကဗျာတစ်ပုဒ်၊ ပေါင်မုန့် တစ်လုံးလောက်နဲ့ တော့
ဒီခဏကို မရောင့်ရဲလိုက်ချင်တာ အမှန်ပဲ။

ခက်တော့ ခက်ပါရဲ့ ၊
တစ်မနက်မှာ
လိုချင်တပ်မက်စိတ်ဟာ

ငါ့ကို
သတ် … တယ်။ ။

In: ကဗျာ Posted By: Date: May 4, 2014
Comment #1

ထပ်တူထပ်မျှ….မနက်စာ

commentinfo By: werewolf at May 7, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment