Professional Authors

အောက်ဆီဂျင် ၂ (အလွန် ၀၁၃)

မီးတောက်များနဲ့ လောက လောင်ကျွမ်းနေသော ကမ္ဘာ

(သေစေနိုင်သော အခိုးငွေ့ ကန့်သတ် နယ်မြေများစွာ)

ဖာထေးရာ ခပ်များများနဲ့ သက်တမ်းက သဲနဲ့ ဖုန်တွေပဲ များခဲ့

ကြတ်ခြေခတ်တွေပါပဲ…

မည်းနက်ခဲ့သော တိမ်စိုင်က နေရောင်ခြည်တွေကြား

အဆိပ်မိုးတွေ ရွှာ ပင်လယ်ဟာ အနက်

သင်္ချိုင်းလို ရောဂါဘယတွေက

စက်ရုံထုတ် ပစ္စည်းလို ဖောခြင်းသောခြင်း

ဓာတုဗေဒ အစားအစာများနဲ့ ၀မ်းဝ ခဲ့

စိ စစ် သန့်စင်ထားတဲ့ ရေနဲ့ ပြီးခဲ့တယ်

မြေနဲ့ တစ်သားတည်းဆောက်ထားတဲ့ အိုင်းယွန်းမြို့ကျဉ်းထဲ

သစ်ပင် ဆိုတာ

အခန်းအလင်းဝင်ပေါက်တည့်တည့်က အောက်ဆီဂျင် ပင်ပုလေး လား…?

ပရိဒေ၀နဲ့ တိုးယိုပေါက်ဖွင့်ဟခြင်းထဲ…

စစ်သရဲတွေ မရှိဘူး

ငွေသတ္ထုကဒ်များရဲ့ အမိန့်သံကင်းတယ်

မိတ္တဗလတွေ မသိဘူး

ငြို့ငင်ဖမ်းစား အဆိပ်များရဲ့ အရောင်လွှင့်တယ်

ရေပေါ် ဆီ တွေ မကျခဲ့

(အမှိုက်သရိုက်များ ဖယ်ပါ)

အသက် မိုးစက် မြေဆီ မြေသား

အလင်း မျိုးစေ့ စိမ်းလန်းခြင်း သဘာဝ လောက

အောက်ဆီဂျင်များ… ပွင့် ပေးပါ

လက်ဖြန့်အော်တောင်းခဲ့တဲ့ ဒေါင်လိုက်အဝေး… အရူးက ငါ ၀ါသနာအရ

လွှင့်မျော

In: ကဗျာ Posted By: Date: May 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment