Professional Authors

ဗလာကိန်း

ငေါင်စီစီနဲ့ တလုံးချင်း ချတွက်မိနေတာ
အာရုဏ်တောင် တက်တော့မှာပလားလို့ သတိချက်မိတော့မှ

တွက်နေမိတာ ငါ့အလွမ်းတွေ ။

စုတ်ပြတ်သတ်ထွက်နေတဲ့ ချစ်ခြင်းတရားတွေ ။

ဥပေက္ခာတရားရဲ့နှိပ်စက်မှုအောက်က သစ္စာတရား ။

ငါနဲ့မတန်ပါဘူး ဝေးဝေးထွက်သွား လို့တောင် တီးတိုးမရွတ်ရဲတဲ့ အကြင်နာတွေနဲ့ပဲ ဖက်ဖက်ပြီး ငိုနေရတယ် ။

မျက်ရည်စက်လက်နဲ့ တွေးတွေးပြီး ပြုံးနေရတဲ့ဘဝကို စက်ဆုပ်ပေမယ့်
အဲ့ဒါက ငါ ဖြစ်နေတယ် ။

အချစ်ဆိုတာ ကံစမ်းမဲတခုဆိုရင်……… ။

ကြိုသိခဲ့ရင်…………
ငါ….ဗလာကို နှိုက်ခဲ့မိမှာ ။

ရင်ထဲကပါသွားတော့
နာလိုက်တာ ။

ငါ မညည်းပါဘူး ။

နင်ကြားသွားမှာစိုးလို့ပါလေ ။

In: ကဗျာ Posted By: Date: Apr 28, 2014
Comment #1

အချစ်ဆိုတာ ကံစမ်းမဲတခုဆိုရင်……… ။

ငါ….ဗလာကို နှိုက်ခဲ့မိမှာ ။

ရင်ထဲကပါသွားတော့
နာလိုက်တာ ။

commentinfo By: နွေ at Apr 29, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment