ဆုတောင်း
ငါသည် ပန်းဖြစ်အံ့
သင်၏ ရနံ့ဖြင့်သာ ငါ့ကိုစွတ်စိုစေလော့
အို အသင်
ငါ၏ ညတို့အား သင်၏အလင်းဖြင့်သာ
ပြည့်စုံ ထွန်းလင်းစေလော့
သင်မပါသော ညစာစားပွဲတို့အား
ခြောက်သွေ့ ဆိတ်သုန်းစေလော့
အိုအသင်…..
သင်သည် ငါ့ကမ္ဘာဖြစ်ငြားအံ့
ငါသည် သင့်ကမ္ဘာအတွက်
ဂြိုလ်ရံတစ်ခု ဖြစ်တည်စေလော့
ကိုပိုင် (21/4/2014 11:17 AM)
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service