Professional Authors

ငါ့ချည်ကြိုးနဲ့ ငါ့ဘာသာချည်ထားတဲ့ည

မျက်စိစုံမှိတ် ကြိုးစားလဲ
အိပ်မက် မက်မှ တွေ့ခွင့်ရတာမျိုး
မုန်းလိုက်တာကွယ်

ငါ့ရင် တစ်ခြမ်းလုံးနဲ့ တောင်းဆိုနေလဲ
ကံပေးကံရ နေရတဲ့ဘဝ
မုန်းလိုက်တာကွယ်

ကိုယ့်ဇာတ်ညွှန်းနဲ့တောင်
ကိုယ်တိုင် မင်းသားဖြစ်ခွင့်မရတော့လဲ
မုန်းလိုက်တာကွယ်

ငါ့ကိုယ်ငါ မသိလိုက်အောင်
ရင်ဘတ်တစ်ခုလုံး မင်းဆီရောက်နေလိုက်တာများ
မုန်းလိုက်တာကွယ်

ငါကိုယ်တိုင် ပျိုးတာမဟုတ်ရင်တောင်မှ
ရေလောင်း ပေါင်းသင်ခွင့်တော့……..

ကိုပိုင် (4/18/2014 1:51 AM)

In: ကဗျာ Posted By: Date: Apr 21, 2014
Comment #1

ငါ့ရင် တစ်ခြမ်းလုံးနဲ့ တောင်းဆိုနေလဲ
ကံပေးကံရ နေရတဲ့ဘဝ
………..
အားပေးသွားပါသည်။

commentinfo By: နွေ at Apr 23, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment