Professional Authors

ဝေးကွာခြင်း ရစ်သမ်

မပြယ်ပျောက်သေးတဲ့ မယာရနံ့တွေ
ရှုရှိုက်မိတိုင်း
လိုနေတဲ့ အိပ်မက်တ၀က်ကို
အပြည့်ထည့်သောက်ချင်နေတုန်းပဲ

တနေ့တော့လည်းဝေးမှာပါဆိုတဲ့အတွေး
“သေတဲ့အထိအတူနေမယ်ဆိုတဲ့”
အပြောတွေ ကြားမှာတော့ ဘယ်တွေးမိမှာလဲ…..
အဲ့ဒီအရှုံးတွေကို ဘယ်လိုနွေမိုးဆောင်းတွေကများ ဖျောက်ပေးနိုင်မလဲ ….

သံယောဇဉ်တွေကို အားနာရမှာလား
ရူးသွပ်ခြင်းတွေကို အော်ဟစ်မောင်းထုတ်ရမှာလား
သေချာတာကတော့
“င့ါဒဏ်ရာတွေက ငါ့အရိပ်တွေကို မီးမောင်းလိုက်ထိုးနေပြီး”

မဆိုသလောက်လေး လမ်းခွဲခဲ့ရတယ်ဆိုပေမယ့်
ကိုယ့်သေတွင်းကိုယ် ကိုယ်တူးခဲ့သလိုပဲ….
လွတ်တဲ့ ငါးက ပိုကြီးတယ်မထင်ပါဘူး
ကြီးတဲ့ ငါးလို့ပဲ သတ်မှတ်ပြီး တမင်လွတ်ပေးလိုက်တယ်လို့ပဲ
သဘောထားပါတယ်

ရက်ထပ်နေတဲ့အလွမ်းတွေကို ပွတ်ကာသီကာ
ရခဲ့သူမဟုတ်တဲ့အတွက် လွယ်လွယ်လေးတော့
ဒါယာရီစာရွက်တွေကို အမှောင်မချပါရစေနဲ့
ရာသီဥတု ပြယ်တဲ့အချိန်လေးကိုတော့
သက်တန့်လေးနဲ့ စောင့်ပြီး မြူးပါရစေ

ap

In: ကဗျာ Posted By: Date: Apr 21, 2014
Comment #1

တနေ့တော့လည်းဝေးမှာပါဆိုတဲ့အတွေး
“သေတဲ့အထိအတူနေမယ်ဆိုတဲ့”
အပြောတွေ ကြားမှာတော့ ဘယ်တွေးမိမှာလဲ…..

အားပေးသွားပါတယ်။

commentinfo By: Titan at Apr 21, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment