Professional Authors

ချစ်နေသေးတဲ့ နှလုံးသားတစ်စုံ ( မျှော်တော်ယောင် )

အရောင်မဲ့သွားတဲ့
နှလုံးသား တစ်စုံအောက်မှာ
သေမလောက်ခံစားနေရလဲ
အပြုံးတုကို တပ်ဆင်ထားပြီး
မင်းအလိုကျ နေပေးခဲ့တာက
ငါ။
အမှန်မဟုတ်တဲ့
နှုတ်ခမ်းဖျား တစ်စုံအောက်မှာ
မချိမဆန့်ခံစားနေရလဲ
ပြောသမျှကို ခေါင်းညိတ်ပြီး
မင်း အလိုတိုင်း နေပေးခဲ့တာက
ငါ။
ခံစားချက်တွေကို လစ်လျူရှု
ငါ့အချစ်ကို စော်ကား
ရင်ကိုခွဲပြီး ချစ်တတ်တဲ့
နှလုံးသားတစ်စုံကို
အမုန်းချိုချိုနဲ့ ကျိန်စာတိုက်
လမ်းဘေးကအမှိုက်လို
လွှင့်ပစ်ခဲ့တာက
မင်း။
ခံစားချက်မဲ့ မျှော်လင့်ချက်မဲ့
အဆွေးနွံနစ် အချစ်ကျွန်ဖြစ်
အရာအားလုံး ငါ့အပြစ်ဖြစ်ပြီး
မှောင်မဲနေတဲ့ ငါ့ဘဝထဲမှာ
ငါနဲ့အတူရှိနေတာက
မင်းကို အခုထိချစ်နေသေးတဲ့
နှလုံးသားတစ်စုံ………..။

In: ကဗျာ Posted By: Date: Apr 19, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment