Professional Authors

တောက်တီးတောက်တဲ့

၁။ တစ်ခါတုန်းကညတစ်ညဝယ် မြင်းခွာသံကိုကြားရတယ်
ဂေါက်ဂက် ဂေါက်ဂက်နဲ့ရယ် ဒါပေမဲ့တစ်မြို့လုံးဟာ အိပ်ကုန်ကြပြီကွယ်
တစ်ခါတုန်းက ညတစ်ညဝယ် မြင်းခွာသံတွေမြည်ခဲ့တယ်
ကြားမိသူမှာ နှစ်ယောက်တည်းရယ် တစ်မြို့လုံးဟာ အိပ်ကုန်ကြပြီကွယ်
မြင်းအိုကြီးတစ်ကောင်ပေါ်မယ် မြင်းအိုကြီးတစ်ကောင်စီးလို့ရယ်
ဂေါက်ဂက် ဂေါက်ဂက်မြည်ကာကွယ် အမှောင်ထဲမှာ ရွေ့နေတယ်
တစ်မြို့လုံးဟာ အိပ်ကုန်ကြပြီကွယ် မအိပ်တဲ့သူနှစ်ယောက် ရှိတယ်
သူတို့ဟာ အဘိုးကြီးနှစ်ဦးပေါ့ကွယ် …
မြင်းအိုကြီးတစ်ကောင်ပေါ်မယ် မြင်းအိုကြီးတစ်ကောင်စီးလို့ရယ်
ညဥ့်နက်နက်မှာ မြို့ထဲဝင်လာတယ် ဘယ်သူမှလဲ မသိကြဘူးကွယ်
သိသူနှစ်ဦးပဲရှိတယ် သူတို့ဟာ ဘယ်တော့မှမအိပ်တဲ့ အဘိုးကြီးတွေဖြစ်တယ်
ဂေါက်ဂက် ဂေါက်ဂက် ဂေါက်ဂက်
ဂေါက်ဂက် ဂေါက်ဂက် ဂေါက်ဂက်
ဂေါက်ဂက် ဂေါက်ဂက် ဂေါက်ဂက်

၂။ ကျောက်တုံးကြီးတစ်တုံးရှိတယ် ထူးဆန်းအံ့သြဖွယ်
နေ့အခါ လေးလံလှပြီး ညအခါ ပေါ့ပါးလေတယ် တောင်ရဲ့ထိပ်မှာကွယ်
ပန်းပုဆရာတစ်ယောက်ရှိတယ် တောင်ရဲ့ထိပ်ကို တက်ဖို့ရွယ်
ကျောက်တုံးကောင်းကောင်း ရှာရမယ် ပန်းပုထုဖို့ကွယ်
ကျောက်တုံးကြီးကို တွေ့ခဲ့တယ် ထူးဆန်းအံ့သြဖွယ်
နေ့အခါလေးလံလှပြီး ညအခါပေါ့ပါးလေတယ် ဘာကြောင့်များလဲကွယ်
ပန်းပုဆရာတစ်ယောက်ရယ် နေ့အခါ ကျောက်တုံးကြီးကို ပန်းပုထုတယ်
မှောင်လာရင်တော့ ကျောက်တုံးကြီးကို စီးပြီး လျှောက်လို့လည်
ညကမ္ဘာထဲမှာ ပျံဝဲတယ်
သူ ထွင်းထုတဲ့ ပန်းပုရုပ်ဟာ ဘာများဖြစ်လေမလဲကွယ်
တောက် တောက် တောက်
တောက် တောက် တောက်

၃။ အရက်သမားကြီးတစ်ယောက်ရှိတယ် ဘယ်လောက်သောက်သောက် မမူးတော့တယ်
နေ့စဉ်နေ့တိုင်းအရက်သောက်တယ် သူဟာမူးတယ်လို့မှ မရှိတယ်
ဒါပေမဲ့လည်းကွယ် ရေကိုသောက်ရင် သူမူးတယ်
ဘယ့်နှယ်လုပ်ပါ့မယ်
အရက်သမားကြီးတစ်ယောက်အဖြစ်ကွယ် ရေတွင်းထဲကို လိမ့်ကျတယ်
ငါမူးနေပြီ မြန်မြန်ကယ် သူက အော်လေတယ်
ရေတွင်းထဲကအသံတွေရယ် ကြားကြရဲ့လားကွယ်
ငါမူးနေပြီ မြန်မြန်ကယ်
ငါမူးနေပြီ မြန်မြန်ကယ်
ဗွမ်း ဗွမ်း ဗွမ်း
ဗွမ်း ဗွမ်း ဗွမ်း
ဗွမ်း ဗွမ်း ဗွမ်း

နေမျိုး

In: ကဗျာ,Others Posted By: Date: Apr 13, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment