Professional Authors

(ဘီလူးမ ကဲတဲ့တန်ခူးလပွဲ)

(ဘီလူးမ ကဲတဲ့တန်ခူးလပွဲ)
အဖော်အချွတ်အလှစ်အဟတွေနဲ့
ပလူးကြပလဲကြ မူးကြကွဲကြ
ပြူးကြပြဲကြတဲ့
တန်ခူးလထဲကဘီလူးမကဲတဲ့
မြူးစရာ့ပွဲ။
တောင်အမေရိက ကမိန်းမနဲ့
သားဖောက်ပြီးတော့
သနေ¨ပျက်ခဲ့ရတဲ့
ငါတို့ရဲ့ရိုးရာဂီတနဲ့
တီကောင်ဆားလူးသလိုကကြ
မြွေလိုကကြ။
တိုင်တွေလိုပတ်ပြီးတော့ကကြ
လူတွေရဲ့ရမ္မက်အကြည့်မှာစိတ်ကြီးဝင်ကြ
ရေတွေတအားသုံးကြ
ငွေတွေမတရားဖြုန်းကြ
ငါတို့နောက်မှမွေးတဲ့ကလေးမက
ငါတို့ထက်ပိုခေတ်ဆန်နေကြ။
ပိတောက်တွေကအချိန်မှန်တယ်
သူတို့တွေကအိမ်ပြန်ချိန်နောက်ကျကြ
အချို့ကအိမ်ပြန်မရောက်ကြ။
စီးကရက်တိုတွေဖွာလန်ကြဲ
ပုလင်းသံဂီတပွဲမှာ
နှုတ်ခမ်းတွေအညိုအမဲစွဲကြ။
အနမ်းတွေမှားကြ
စိတ်ရိုင်းတွေဝင်ကြ
စိတ်ကြီးတွေဝင်ကြ
သူတော်ကောင်းအယောင်ဆောင်တွေ
ကြောင်တောင်နှိုက်ကြ။
သပြေခတ်နဲ့ရေမပက်ပဲ
စစ်ဖိနပ်အောက်မှာသစ်ရွက်ကောက်ကြ။
ရပ်ကွက်ထဲက
ဇတ်ဇတ်ကြဲတွေအပြတ်အသတ်ကဲတဲ့လ
အပျော်ကြိုက်သောသူများ
ကြောက်ကြောက်နဲ့ကခုန်ကြ
ဗုံးသံထက်ဒက်ဆီဘယ်မြင့်သော
ဂီတမရှိတာကိုလူ့မစင်တွေ
သက်သေပြကြ။
တကယ်တော့ငါတို့သကြံင်္ဟာ
အပျိုရည်ပျက်ခဲ့ရ။
ပိတောက်တွေလည်းကြောက်ကြောက်နဲ့ပွင့်နေရ
ဘီလူးမတွေမြူးတဲ့လ။
လရောင်လမ်းခွဲ(၉.၄.၂၀၁၄)

In: ကဗျာ Posted By: Date: Apr 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment