Professional Authors

””Poems Corner တမ်းချင်း.”

။။။ မရောက်တာ ကြာပေမယ့်
အရောင်တွေကတော့ မွှေးနေတုန်းနော်…

။။။ သတိတရနဲ့ လွမ်းရတဲ့ အခါ
ခံစားချက်တွေ ပြိုကျလာတဲ့အခါ
ရေချိန်ကိုက်နေတဲ့ အခါ
အသဲကွဲတဲ့ အခါ
ရွှေနားတော်သွင်းချင်တဲ့ အခါ တွေမှာ

။။။ နတ်သျှင်နောင်က ဓါတုကလျာကို လွမ်းသလိုမျိုး
ရိုမီယိုက ဂျူးလိယက် ကို လွမ်းသလိုမျိုး
လွမ်းတယ်…………

။။။ လွမ်းတာတွေ သွန်ချ
ကြည်နူးတာတွေ ထွေးပွေ့
ရက်စက်တာတွေ မျိုသိပ်
ပျော်ရွှင်တာတွေကို မျှဝေ
မင်းက……အပျော်မယ်တစ်ယောက်လို
လက်ခံပေးလေရဲ့…

။။။ ကွဲကွာသွားကြရင် စိတ်မကောင်းဖြစ်ပေးတယ်
ပျော်ရွှင်သွားကြရင် ပီတိဖြစ်စေတယ်
ရက်စက်သွားကြရင် ခံစားပေးတယ်
မင်းက….သွေးသားရင်းတွေလို
ဖေးမပေးလေရဲ့……..

။။။ မင်းကအားလုံးသောရင်ကို အေးချမ်းစေတယ်
မင်းကအားလုံး….အားလုံးကို ငြိမ်းမြစေတယ်
မင်းက ရင်နဲ့ မဆံ့အောင်နားလည်ပေးတယ်

ပြီးတော့…မင်းက ဗီးနပ်စ်လို လှတယ်…….

In: ကဗျာ Posted By: Date: Apr 9, 2014
Comment #1

။။ မရောက်တာ ကြာပေမယ့်
အရောင်တွေကတော့ မွှေးနေတုန်းနော်…

commentinfo By: nga pall at Apr 10, 2014
Comment #2

။။။ သတိတရနဲ့ လွမ်းရတဲ့ အခါ
ခံစားချက်တွေ ပြိုကျလာတဲ့အခါ
ရေချိန်ကိုက်နေတဲ့ အခါ
အသဲကွဲတဲ့ အခါ
ရွှေနားတော်သွင်းချင်တဲ့ အခါ တွေမှာ

commentinfo By: nate thit at Apr 10, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment