Professional Authors

မရည်ရွယ်ခဲ့ဘူး

ဒဏ်ရာတွေ မပေးခဲ့ချင်တာ

ကိုယ် ကိုယ်တိုင်ပဲ သိတယ်။

 

ဒါပေမယ့် …

နှလုံးသားအလိုကို မလွန်ဆန်နိုင်ခဲ့

မင့် မျက်နှာလေး ညိုရင်

ငါ့နှလုံသားတို့ ငိုကြရတယ်။

မင့်အပြုံးတို့ မမြင်ရရင်

ငါ့မျက်လုံးတို့ ကွယ်ချင်တယ်ကွယ်။

 

မာနအလွှာပါးပါး ကြားက ခြားထားလည်းပဲ

မင်းနဲ့ငါ့ရဲ့ သံယောဇဉ်တွေ

မင်းမမြင်ပေမယ့်

ငါ မြင်နေရတယ် … ။    ။

 

ချစ်ရသူရေ …

ဂုဏ်ငွေစည်းစိမ်တွေ ကိုယ်မကြွယ်ပါဘူးကွယ်

ဒါပေမယ့် …

ချစ်ရသူရဲ့လိုအင်ဆန္ဒအား

ကိုယ့် လက်နှစ်ဖက်စွမ်းအား

ကိုယ့် နှလုံသား မေတ္တာအားဖြင့်

ဖြည့်ဆည်း ပြည့်ဝစေချင်တယ် … ။        ။

 

ကိုယ့်ရဲ့တဖက်သတ် သံယောဇဉ်

မင့်အပေါ် …

ဒဏ်ရာတွေ ပေးမိပြီလား

ကိုယ် ကိုယ်တိုင်ကို ဝေခွဲမရ

ဒီလိုနဲ့ပဲ တဖြည်းဖြည်း ဝေးလွှင့်

နာကျင်နေကြရတော့မှာလား။       ။

 

In: ကဗျာ Posted By: Date: Apr 4, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment