Professional Authors

နှင်းတွေကျနေတဲ့ ဤ မနက်ခင်းတွင်…

 

ဒီနှင်းတွေကျနေတဲ့ မနက်ခင်းမှာပေါ့.. ။

 

ပြန်လည် သိမ်းဆည်းခွင့်သာရခဲ့ရင်

မရနိုင်တော့ပါဘူးဆိုတဲ့ သူ့ရဲ့အနမ်း

မြင်ခွင့်မရှိတော့တဲ့သူ့ရဲ့အပြုံး

မျှော်လင့်တောင့်တ

ကြိတ်ဆုတောင်းခဲ့ဖူးသေးတာပဲလေ။

 

တကယ်တော့အချစ်ဆိုတာ…အကြိမ်ကြိမ်ရှုံးနိမ့်ခြင်းပဲ။

 

နှင်းတစ်ပွင့် မြေခသွားတယ်။

အနမ်းတစ်ပွင့်ကြွေလွင့်သွားတယ်။

ဟုတ်တယ်။

ကျွန်မရဲ့နှလုံးသားလည်း

ဒီအခိုက်အတန့်မှာရပ်တန့်သွားခဲ့တယ်။

ဒီနှင်းတွေကျနေတဲ့ မနက်ခင်းမှာပေါ့။

 

လေတစ်ချက် တိုက်ခတ်သွားတယ်။

မသိတော့ဘူး။

လွတ်မြောက်ခြင်းဆိုတာ ဘယ်လိုမျိုးလဲ။

အတိတ်ရဲ့နှောင်ကြိုးတွေပေါ့

တစ်ရစ်ချင်း ဖြေကျ

ဒါတောင်မှ မလွတ်မြောက်သေးဘူး။

ဒါတွေအားလုံး အစပြုခဲ့တာ

ဒီနှင်းတွေကျနေတဲ့ မနက်ခင်းမှာပေါ့။

 

နှင်းဆီရနံ့ လွင့်ပျံ့လာတယ်။

မုန်းတယ်။

ကျွန်မ ရခဲ့ဖူးတာဒဏ်ရာတွေပဲ။

ဒီလောကမှာ

နှင်းဆီပေးနှုတ်ဆက်တာ ဘယ်သူရှိမလဲ။

အရာရာအားလုံးအဆုံးသတ်သွားတာလည်း

ဒီနှင်းတွေကျနေတဲ့မနက်ခင်းမှာပေါ့။

သင့်ချစ်သူ (April 3, 2014)

In: ကဗျာ Posted By: Date: Apr 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment