Professional Authors

ငါ့အတ္တ

မျှောင်လင့်မိပါတယ်ချစ်သူ..
နင်ပေးတဲ့ပန်းနွမ်းချင်နွမ်း  လန်းချင်လဲလန်း
ငါတယုတယနဲ့..နမ်းမှာပါ။

ကြိုဆိုနေပါတယ်ချစ်သူ
လာမယ့်လမ်းမှာလွမ်းချင်တိုင်းလွမ်းလို့
ဒဏ်ရာစာမျက်နှာမှာစုတ်ချက်နဲ့ရေးတဲ့သီချင်းနှင့်အတူ
နင်မလာမချင်းငါစောင့်နေရင်းပါ။

တုန်လှုပ်မိပါတယ်ချစ်သူ
ပြောမိတဲ့စကားကြမ်းချင်လဲကြမ်းမယ်
ငါ့နှလုံးသားနုနုပေါ်မှာနင့်စကားဓားထက်ထက်နဲ့
အသွေးခံဖို့အဆင်သင့်ပါ။

လွမ်းနေခဲ့ပါတယ်ချစ်သူ
ကျန်နေခဲ့သူဟာနွမ်းကြွေတဲ့အခန်းမှာ
မျက်ရည်စက်နဲ့သီတဲ့ကဗျာတစ်ပုဒ်နဲ့
ငါလှောင်ရယ်ခံဖို့စောင့်နေလျှက်ပါ။

In: ကဗျာ Posted By: Date: Apr 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment