Professional Authors

တေလေ တမ်းချင်း..

သူရဲ့ မုန်းတယ်ဆိုတဲ့
စကားတစ်ခွန်း နဲ့ဘဲ…
ဘ၀ က အကြိမ်ကြိမ် အပြစ် မဲ့နေတယ်…
အဲဒီလို နဲ့ အချစ်က…
အခါခါ ပြန်သတ်နေတာကို…
ကျေနပ်စွာ ခံယူနေရတဲ့..

တေလေတစ်ယောက်ပေါ့…
ထပ်တူ မကျခြင်းတွေကိုလဲ…
ဂရုမစိုက် အားဘူး..
အချစ်..
တစ်ခုကိုဘဲ..ကြည့်ပြီး…
သူ့ကို ယုံကြည်မှု ထုထည် များလွန်းနေပြန်တော့..
သူ့အတွက်..ငါ့ကံကြမ္မာ ငါ မေ့လို့….
ဒီလိုနဲ့…..
ငါ့ဘာသာ ငါ ပြန်မေးမိခဲ့တာ..(အသံတိတ်ပါဘဲ)
အဆုံးမှာ…အရှုံး ကြီး ရှုံးတာတောင်…
လောက ကို မာရေကျောရေ….ဆက်ဆံမိတဲ့ကောင်…

အခုတော့…ဘာကိုမှ မသိချင်လောက်အောင်…
ရူးနေရပီ…
ရင်လွဲသူ…
ငါဟာ …မနက်ဖြန်တိုင်းမှာ..
အချစ်ရဲ့ ဘက်လိုက်ခြင်းတွေကို….
အလင်းမဲ့ အထီးကျန်ခြင်းများအတွက်….
သဘာဝ တရားတွေ နဲ့ အပြိုင်….
‘ဘဝ..မှာ’
အလွမ်းတွေမြိုင်နေရပီကွယ်…

In: ကဗျာ Posted By: Date: Jun 19, 2010
Comment #1

သူ့ကို ယုံကြည်မှု ထုထည် များလွန်းနေပြန်တော့..
သူ့အတွက်..ငါ့ကံကြမ္မာ ငါ မေ့လို့….
ဒီလိုနဲ့…..
ငါ့ဘာသာ ငါ ပြန်မေးမိခဲ့တာ..(အသံတိတ်ပါဘဲ)
အဆုံးမှာ…အရှုံး ကြီး ရှုံးတာတောင်…
လောက ကို မာရေကျောရေ….ဆက်ဆံမိတဲ့ကောင်…
..
နှစ်သက်စွာခံစားအားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Apr 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment