Professional Authors

ပန်း

ပန်ဆင်လိုက
ညှာတံအရိုး
သာသာချိုးပြီး
ထိုးစိုက်ပန်ဆင်သွားပါလေ။

မပန်လိုက
အဝေးကကြည့်
သူ့တိုင်းလေးပဲ
အပင်ထက်ဝယ်
တင့်တယ်ပါစေ။

ဘာရယ်မဟုတ်
ဆုတ်ကိုင်ချွေဖွ
အကြောင်းမဲ့တော့
မဖဲ့ချွေစေချင်ဘူးလေ။

In: ကဗျာ Posted By: Date: Mar 31, 2014
Comment #1

ဝါး…….ကောင်းတယ်ဗျာ
ရေးတဲ့စတိုင် မပြောင်းသေးဘူးပဲ
အမှန်တိုင်းဝန်ခံရရင် လှတယ်
လေးလုံးစပ်လေးတွေစီထားတာ
….

commentinfo By: nate thit at Jan 10, 2015

Leave Comments

Name*

Email*
Website
Email me whenever there is new comment