Professional Authors

ချောလဲရောထိုင်ခဲ့တဲ့နေ့များ

ပျော်ပါစေပေါ့

သူမဟာ မာနကိုဆွဲချပစ်ခဲ့တယ်

အခွံသက်သက်ပဲရှိတော့တဲ့ သူမ

ခုဆိုရင် ဘာဘာညာညာတွေတောင် သိပ်မသိချင်တော့ဘူး

 

ပဒိုင်းသီးပဲဖြစ်ဖြစ် ပန်းသီးပဲဖြစ်ဖြစ်

ဘုရားသခင်ကပဲတားတား နတ်မင်းကပဲတားတား

သူ့စကားတစ်ခွန်းဆိုတာနဲ့

အရာရာကိုဖောက်ပြန်ရဲခဲ့တယ်

 

ကြောက်ပါရဲ့ ကြောက်ပါရဲ့

လူအများပြောတဲ့စကား

နှာခေါင်းမပါရင် မိန်းမဆိုတာ….

ဘာတောင်စားတယ် ဆိုပဲ

 

စကားလုံးတွေ ချွန်မြနေလိုက်တာများ

နှုတ်တစ်ရာ စာတစ်လုံး

(အပြုံးတစ်ချက်တောင်မပျက်ပါဘူး)

သူမစာထဲမှာပဲ သူမကိုယ်တိုင်ကိုယ်ကျ

ချောလဲရောသာ ထိုင်ချလိုက်တော့တယ်

 

ကြက်ခြေခတ်X

25.3.14 (Tuesday)

3:57pm

 

 

 

 

In: ကဗျာ Posted By: Date: Mar 25, 2014
Comment #1

ပဒိုင်းသီးပဲဖြစ်ဖြစ် ပန်းသီးပဲဖြစ်ဖြစ်
ဘုရားသခင်ကပဲတားတား နတ်မင်းကပဲတားတား
သူ့စကားတစ်ခွန်းဆိုတာနဲ့
အရာရာကိုဖောက်ပြန်ရဲခဲ့တယ်

……အားပေးသွားပါသည်……….

commentinfo By: နွေ at Mar 26, 2014
Comment #2

ပျော်ပါစေပေါ့

သူမဟာ မာနကိုဆွဲချပစ်ခဲ့တယ်

အခွံသက်သက်ပဲရှိတော့တဲ့ သူမ

ခုဆိုရင် ဘာဘာညာညာတွေတောင် သိပ်မသိချင်တော့ဘူး

commentinfo By: May Kha at Mar 31, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment