Professional Authors

ကျကွဲသွားတဲ့ ပုလဲသား နုနု

ပြန်လာခဲ့ပါတော့လို့ ပြောပါရစေ..
မင်းထွက်မသွားခင်လေး.. မှာ..
.
ရေမြေခြားကို
ငါ စပျစ်သီးချဉ်နေတာမဟုတ်ပါဘူး..
အချစ်ကြီး ချစ်လို့ပါ.
တစ်နှစ်ပြီး တစ်နှစ် မျှော်မနေချင်ဘူး…။
.
ပျော်ပါရစေ.
       ငါမလွမ်းပါရစေနဲ့
မမျှော်ပါရစေနဲ့
       ငါ မကျွမ်းကျင်ဘူး..။
.
ပန်းပင်အတု နဲ့ ၀ဲတဲ့ လိပ်ပြာလေး
စိတ်ထဲ ကျိတ်ပြီး မကြွေပါရစေနဲ့.
.
အဝေးကိုထွက်မသွားစေလို့ပါ…။

နင် နဲ့အဝေး နေ့၊ ရက်၊ ညတွေက

  တစ်ရွက်ပြီးတစ်ရွက် ကြွေနေတာမဟုတ်ဘူး. 
အသက် မီးပျက်သွာမတတ် ခံစားရမှာ
.
နင်သိပ်ချစ်တာ သိနေလည်း. စိတ်မချပဲ နေပါရစေ..
.
အဝေးက နေ့လေးတွေအတွက်…..။
.
ဖြစ်နိုင်ခဲ့သေးရင်..
အခု နင် ငါ့ဘေးမှာ လေ.
ဒီလိုလေးပဲ..
  ငါ့ဘေးမှာ နေ. .
     အဝေးကို ထွက်မသွားပါနဲ့…။ ( ဒါဟာတောင်းဆုပါ မေ )

In: ကဗျာ Posted By: Date: Mar 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment