Professional Authors

အတိတ်နာရီ

နုတ်ဆက်ရမယ့်အချိန်စောနေခဲ့တာလား
မဟုတ်ဘူး နာရီတွေ အတိတ်ထဲရောက်နေတာ

ဆုံးရှုံးမှုတွေကတော့ မျက်ဝန်းစနားမှာဝဲနေလေရဲ့
ညှပ်ဖိနပ်တစ်ရံကို မသယ်ချင်တော့လို့
ဒူးအစုံကို မြေသို့ဆင်းခိုင်းလိုက်တယ်
သူကျောခိုင်းသွားတဲ့ နေ၀င်အရပ်ဆီ
သံတမန်အရေးနဲ့စာချုပ်ကို
ခေါင်းငုံ့ပြီးဖျက်လိုက်တော့
ညနေခင်းတစ်ခုက
ငါ့ကို အပြစ်တွေနဲ့ ပစ်ပေါက်တယ်
ငှက်ကလေးတွေက ဟားတိုက်လိုက်
နေလုံးကြီးက ဟားတိုက်လိုက်နဲ့
ဂျအေးကို သူ့အမေရိုက်နေလေရဲ့
မကြာခင်မှောင်မိုက်တော့မယ့်နေရာမှာ

နုတ်ဆက်ချိန်ရမယ့်အချိန် စောနေခဲ့တာလား
မဟုတ်ဘူး နာရီတွေ အတိတ်ထဲရောက်နေတာ

( နှစ်တွေကတော့ကြာခဲ့ပြီ………. Jun . 6 . 2009 )

+ နောင်ရိုးစစ် +

In: ကဗျာ Posted By: Date: Mar 19, 2014
Comment #1

ဒီလိုကဗျာရေးပုံကို တော်တော်ကြိုက်တာ

commentinfo By: ကြက်ခြေခတ် X at Mar 24, 2014
Comment #2

thank youuuuuuuu

commentinfo By: naungyoesit at Apr 7, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment