Professional Authors

ငိုသူ့သမိုင်း

တချို့မျက်ရည်တွေဟာ…မျက်ဝန်းကစီးကျလာတဲ့အခါ…
မြင်ရသူပါ…ရင်နာကြရတယ် ။

တချို့မျက်ရည်တွေဟာ….မမြင်ချင်ယောင်ဆောင်ထားခံရတဲ့အခါမှ
အဓိပ္ပါယ်ပိုရှိသွားကြတယ်…။

ဒါပေမယ့်….တချို့မျက်ရည်တွေဟာ
မျက်ဝန်းကနေစီးကျမလာပဲ…….မျက်ဝန်းထဲကိုပြန်လည်စိမ့်ဝင်သွားကြရတယ်..။

သူတို့ရဲ့…လာရာလမ်းဟာလည်း..ခက်ခဲခဲ့သလို…
အပြန်ခရီးဟာလည်း…ကြမ်းတမ်းကြရတယ်…။

သူတို့ဟာ…ကိုယ်ပိုင်ခံစားချက်ရှိတဲ့
မျက်ရည်တွေဖြစ်ကြတယ် ။

ငါတို့သည်…ခံစားချက်မရှိသော...မျက်ရည်တွေကိုသာ..
မြေပြင်ပေါ်ခစားစေပြီး….

ခံစားချက်ရှိသော..မျက်ရည်တို့ကို…နှလုံးအိမ်၌သာ…
အသက်ထက်ဆုံးချည်နှောင်ထားကြလေ၏ ။

In: ကဗျာ Posted By: Date: Mar 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment