Professional Authors

စိုးစိတ် စိုးထိတ်

ချစ်သူရေ…
တစ်ဖက်နားနဲ့တော့
ရတက်တွေပွားပြီး
မရက်စက်လိုက်ပါနဲ့ကွယ်
မြတ်နိုးဆုံးက မင်းမို့ရယ်ပါ….

ဖန်လာသမျှတွေဘ၀ထဲမှာ
အလံဖြူပြကာ အသက်အပ်နှင်းလို့
ဒဏ်ရာဗလပွ အသည်းတစ်ခြမ်းနဲ့
ကြံရာမရ အဖြစ်မျိုးလည်း ဝေးပါလို၏

မကြင်နာသူ ရှောင်ဖယ်သွဲ့ညှိုး
သံယောဇဉ်ကြိုးလေး
ပြတ်သွားမှာတော့
စိုးမိသေးတယ်….

+ နောင်ရိုးစစ် +

In: ကဗျာ Posted By: Date: Mar 18, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment