Professional Authors

အချစ်ကပြောတဲ့အချစ်ရဲ့ချွင်းချက်

ချစ်တော့ချစ်ပါတယ်
ဒါပေမယ့်…
အလိုမလိုက်ဘူးတဲ့

ချစ်တော့ချစ်ပါတယ်
ဒါပေမယ့်…
မာနကိုတော့အထိပါးမခံဘူးတဲ့

ချစ်တော့ချစ်ပါတယ်
ဒါပေမယ့်…
စောင့်ကြည့်ရဦးမယ်တဲ့

ချစ်တော့ချစ်ပါတယ်
ဒါပေမယ့်…
ဘ၀ထက်တော့အရေးမပါဘူးတဲ့

ချစ်တော့ချစ်ပါတယ်
ဒါပေမယ့်…
အချစ်ကထမင်းမကျွေးဘူးတဲ့

ချစ်တော့ချစ်ပါတယ်
ဒါပေမယ့်…
မိဘတွေသဘောတူမှတဲ့

ချစ်တော့ချစ်ပါတယ်
ဒါပေမယ့်…
အဆင့်အတန်းလေးရှိမှတဲ့

ချစ်တော့ချစ်ပါတယ်
ဒါပေမယ့်…
သက်သေပြပါဦးတဲ့

ချစ်တော့ချစ်ပါတယ်
ဒါပေမယ့်…
မစွန့်စားဝံ့ဘူးတဲ့

ချစ်တော့ချစ်ပါတယ်
ဒါပေမယ့်…

သြော်….ချွင်းချက်တွေများလိုက်တာ
အချစ်ရယ်

In: ကဗျာ Posted By: Date: Mar 17, 2014
Comment #1

ချစ်တော့ချစ်ပါတယ်
ဒါပေမယ့်
အချစ်က ဘ၀ မဟုတ်ဘူးတဲ့

commentinfo By: icanfly at Apr 8, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment