Professional Authors

တစ်ခြမ်းပဲ့ကဗျာ

တပါတည်းယူသွားရင်းနဲ့  တခါတည်းမေ့ပစ်လိုက်မတဲ့ ?
အတိတ်ဟာ စကားပြောရုံသက်သက်ဆိုရင်တော့
အတော်ရယ်စရာကောင်းပေါ့၊

နွေဦးလေမှာ မအေးရတာကြာပြီ
နှလုံးသားချင်းနီးကပ်
လမ်းလျှောက်မထွက်ရတာ ကြာပြီ
သူ့ အပြုံးနွေးနွေးလေးကိုလည်း
ငေး .. ကြည့်ခွင့်မရခဲ့တာ … ကြာပြီ၊

တစ်စိတ်ကို တစ်အိတ်လုပ်ပြီးပြောတာ
မဟုတ်ဘူး …၊

ကိုယ့်အရိပ်တောင် သူ့ စိတ်နဲ့ 
ပိတ်မိနေခဲ့တာလည်း …

ကြာ …. ပြီ .. ။       ။

In: ကဗျာ Posted By: Date: Mar 14, 2014
Comment #1

တစ်စိတ်ကို တစ်အိတ်လုပ်ပြီးပြောတာ
မဟုတ်ဘူး …၊

ကိုယ့်အရိပ်တောင် သူ့ စိတ်နဲ့ 
ပိတ်မိနေခဲ့တာလည်း …

ကြာ …. ပြီ .. ။ ။

သဘောကျတယ် …ဒီစာသားချိတ်လေးကို

commentinfo By: Thar cho at Mar 14, 2014
Comment #2

ဟုတ်ပါ့ သိပ်ကောင်းတဲ့ အရေးလေးပါ အားပေးပါတယ်ဗျို့

commentinfo By: naungyoesit at Mar 19, 2014
Comment #3

အားပေးတယ်ဗျာ

commentinfo By: Khay Loon at Mar 20, 2014
Comment #4

အားပေးပါတယ်ရှင့်

commentinfo By: ကြက်ခြေခတ် X at Mar 24, 2014
Comment #5

အားပေးသွားပါတယ်။

commentinfo By: Titan at Apr 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment