Professional Authors

Not Creation-2

Not Creation-2

အနေဝေးခြင်း ဖြစ်စဉ်တွေထဲ
သစ္စာတွေ အကာအကွယ်မဲ့ ပဲ့ကျ
ကတိတွေက ကိုယ်လွတ်ရုန်းဖို့သာ ပြင်ဆင်နေကြတယ်…..။

ဗီဇတွေ အသွင်မတူနိုင်တော့တဲ့နောက်….
ပြိုကွဲခြင်းဟာ မဖိတ်ခေါ်ဘဲ ၀င်ရောက်လာခဲ့….
သံသယတွေကတော့ အကျိုးနဲ့အကြောင်း ဆီလျော်နေဆဲ……..။

ဘယ်သူ မပြု မိမိအမှုပဲထားပါလေ…..။

စွန့်ခွာသွားမယ့် အရေးမြင်တော့
စွန့်လွှတ်ပေးဖို့ အကြိမ်ကြိမ်ဆုံးဖြတ်….
……
ကွဲအက်အက် နှလုံးသားအတွက်
ကိုယ့်မှာ နာကြည်းမှုဆိုတဲ့ ဖြေဆေး ရှိတယ်…။

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Mar 11, 2014
Comment #1

🙁

commentinfo By: Kisama_Mya at Apr 25, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment