Professional Authors

အတ္တနွံကြားက ကလေး

လွယ်အိတ်ကို ပြင်
ခင်များတို့ အတ္တကို လွယ်လို့
ကျနော်တို့ ကျောင်းသွားကြရတယ်။

အဆင့်တစ် ကျနော်အတွက်လား
ခင်များတို့ ကြွားဖို့လား။

ဟင့်အင်း ….  သူက ကျနော်သယ်ရင်းလေ
ရန်သူလို သဘောထား
အဆင့်တစ်အတွက် ယှဉ်ပြိုင်နေရမှာလား

ကျူရှင် စာကျက်ဝိုင်း ကျနော် တက်
ကျောင်းက သင်တဲ့စာက မလုံလောက်လို့လား။
တစ်နေ့ ၈ နာရီစာက
ပညာတတ်ဖို့ မလုံလောက်လို့လား။

ခင်များတို့ မျှော်မှန်းတဲ့
ဒေါက်တာ အင်ဂျင်နီယာ
ကျနော် ၀ါသနာပါလား
တစ်ခါ မေးခဲ့ဖူးလို့လား။

လိုရာပုံသွင်း
ရွံ့တုံးကိုသာ ဇာတ်သွင်းပါ
ကျနော်စိတ်ကို သတ်
ကျနော်မျှော်လင့်ချက်ကို ပုံသွင်း
ခင်များတို့အတ္တထဲ မနှစ်လိုက်ပါနဲ့။

ကျနော်လည်း ကလေးပီပီ
လွတ်လပ် ပေါ့ပါးစွာ ရှင်သန်ချင်ပါတယ်။

In: ကဗျာ Posted By: Date: Mar 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment