Professional Authors

ပုဂံ ( စိုင်းဝင်းမြင့် )

စေတီထဲ နေရောင်သွင်းယူခဲ့ပုံက
အံ့သြဖွယ်။
အုတ်တစ်ချပ်ချင်းစီမှာ
ရာဇ၀င်ရှိတယ်။
ဧရာဝတီ
အဝေးရောက် နံရံဆေးရေး
ဆွေးမြေ့စရာ။
အိုးခြမ်းပဲ့က
ရာစုတစ်ခုလုံးရတယ်
ရတနာသိုက် တူးဖော်မိတယ်။
လက်ရာက ပြောတဲ့စကား။
စိတ်ကူးစိတ်သန်း
ခမ်းနားရုံသက်သက် မဟုတ်ဘူး
ငလျင်ဒဏ် ခံခဲ့ရပေမယ့်
အဖွဲ့အနွဲ့ကျန်နေတုန်း။ ။
– စိုင်းဝင်းမြင့်

Leave Comments

Name*

Email*
Website
Email me whenever there is new comment