Professional Authors

ဗျာ

ဗျာ

သူငယ်ချင်း

တစ်ဦးတစ်ယောက်ထက်ပိုရင်

မူးနောက်ရီဝေတတ်တယ်နော်…..

မကြင်နာဖူးပေမဲ့ ရင်မှာဦးနှင့်သောအချစ်

အထစ်အငေါ့မရှိ   သတိရခြင်းတွေ

ရစ်ခွေသိမ်းစည်း  ရင်မီးငြိမ်းမှ

ပြန်တွေ့ကျတော့……

ကိုယ်မှာ…

သာယာကြည်နူး ရည်စူးဘဝ

အခြေကျလျှက် ကြင်နာတတ်သော

အပြောချိုချို ကိုယ့်လိုအင်ဖြည့်

သူအားမေ့ထား မသွားရက်နိုင်……

ဒါပေမဲ့လေ…

အချစ်နဲ့သံယောဇာဉ်

နှစ်မျှင်တွဲလျှက် ကိုယ်ရှေ့ဆက်ချင်

ငါ့ရင်နှစ်ခြမ်း တစ်လမ်းစီသွား

တရားပါ့မလားနော်…….

ငါ့ရင်မှာ…

စူးနစ်ဝင်နေနေတဲ့အချစ်နဲ့

ရစ်ပတ်နေတဲ့သံယောဇာဉ်တွေကြောင့်

တစ်ခါတစ်ခါ

မုသာဝါဒ လူ့သဘာဝလို့မှတ်

အမြဲမပြတ် သတိချပ်နေတာ့

နှစ်ယောက်စလုံး

မိမဲ့ရက်ကိုတွေးပူ ဘေးလူတွေကာဆီး

သြော်…ကျေဇူးကြီးလှပါရဲ့……

အင်း…..

သူငယ်ချင်း

တစ်ဦးတစ်ယောက်ထက်ပိုရင်

မူးနောက်ရီဝေတတ်တယ်နော်…..
                                         သားချို

In: ကဗျာ Posted By: Date: Mar 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment