Professional Authors

သို့ … မကြည်ဖြူ

ကျနော့် အိမ်မက်လေး
ကျနော့်ကို ပြန်ပေးပါ … မကြည်ဖြူ

အရင်လိုတီတီတာတာ စကားသံလေးတွေ
ပြန်ကြားခွင့်ရချင်သေးတယ် …. မကြည်ဖြူ

စမ်းတ၀ါးဝါးနဲ့ ကျနော် လမ်းပျောက်နေခဲ့ပြီ
မကြည်ဖြူ .. . 

ကျနော့် အနာဂတ် လေး 
ပြန်ပေးပါ 

အရင်လို စိတ်ကောက်ချင်သေးတယ်
မကြည်ဖြူ … 

ကျနော်တို့နှစ်ယောက်ရဲ့
နှစ်ပတ်လည်နေ့လေးကို
မသိချင်ယောင်ဆောင်တတ်လွန်းလို့ 

ကျနော့် အိုအေစစ်လေး က
မကြည်ဖြူ ဖြစ်တယ် 

ပိုင်ဆိုင်ချင်တယ် … မကြည်ဖြူ

စွန့်လွှတ်လိုက်ရမှ ပိုင်ဆိုင်ချင်တဲ့စိတ်က 
အရူးတစ်ပိုင်းပါပဲ … မကြည်ဖြူ

ကျနော် မချစ်တတ်ခဲ့လေရော့လား?

မချစ်မနှစ်သက်သူရဲ့ ရင်ခွင်မှာ
ပူလောင်နေရောပေါ့ .. မကြည်ဖြူ

စိုးရိမ်မကင်း 
ကျနော် ရင်မောနေမိဆဲပါ 
မကြည်ဖြူ ….. 

နှစ်ယောက်အတူတူဆိုတဲ့
မကြည်ဖြူ အိမ်မက်လေး 
ကျနော့်ကို လမ်းပြပေးပါ ….

တိမ်တိုက်ဖြစ်နေပေမယ့်လည်း
ဆုပ်ကိုင်ထားချင်နေမိသေးတယ် 
မကြည်ဖြူ …. 

ကျနော့် ရင်ကြွေသံ
မကြည်ဖြူ .. . မကြားပါစေနဲ့ 
မ ကြား စေ လို ပါ 
မကြည်ဖြူ … 

မှောက်မအိပ်ရပါပဲနဲ့ 
ကျနော့်ခေါင်းအုံးလေး ညတိုင်းစိုတယ်
မကြည်ဖြူ ….. ကျနော် ရင်နာတတ်လို့ပေါ့ 

နိဂုံးဆိုတာ အဆုံးသတ်ဖြစ်တယ်
မကြည်ဖြူ …

ဒီလိုနဲ့ … 
ဒီကဗျာကို ကျနော် နိဂုံးမချုပ်လိုက်မိဘူး
မကြည်ဖြူ … 

ကျနော့် မေတ္တာစူးလို့ မကြည်ဖြူ 
ပျော်မြူးနေပါစေ။ 

# မာန်ခက်ဝင့်
13/2/2014

In: ကဗျာ Posted By: Date: Feb 15, 2014
Comment #1

ကျနော့် မေတ္တာစူးလို့ မကြည်ဖြူ
ပျော်မြူးနေပါစေ။

commentinfo By: ei lay at Feb 16, 2014
Comment #2

မှောက်မအိပ်ရပါပဲနဲ့
ကျနော့်ခေါင်းအုံးလေး ညတိုင်းစိုတယ်
မကြည်ဖြူ ….. ကျနော် ရင်နာတတ်လို့ပေါ့

commentinfo By: ei lay at Feb 16, 2014
Comment #3

ကျေးဇူး မအိ​လေး 🙂

commentinfo By: မာန်​ခက်​ဝင့်ဲ at Feb 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment