Professional Authors

ကမ်းဝေးနေတဲ့ အိပ်မက်

ကမ်းဝေးနေတဲ့ အိပ်မက်

 

ငါကိုယ်တိုင် ပျောက်ဆုံးသွားတဲ့ ငါ့ညနေတွေအတွက်
အလင်းရောင်ဆိုတာ မလိုအပ်တော့ပါဘူး
မှုန်ရီဝိုးတ၀ါးညတွေ ငါ ကျင့်သားရနေပါပြီ။

ချောက်ကမ်းပါး အတားအဆီး
ဘာတွေကို စိုးရိပ်နေအုံးမှာလဲ
ပြုတ်ကျလဲကျသွားပါစေ
ငါ့ခြေ ငါ့လက် ရှိနေသေးတာပဲ
မလျော့စတမ်း ပြန်ထမယ်။

ဘ၀ဆိုတဲ့ မာယာတိုင်းပြည်မှာ
ငါဟာ ဒူးမညွှတ်ချင်သူတစ်ယောက်ပါ။

လောကဓံလှိုင်း သူကြမ်းချင်ကြမ်းပါစေ
ငါကတော့ ငါ့အိပ်မက်နဲ့ ဆက်လှော်အုံးမယ်
ငါ့အိပ်မက်တွေ မကျိုးပျက်အောင်
မျှော်လင့်ချက် ထောက်ကန်ထားတယ်
ပန်းတိုင်ဆိုတာ မျှော်ကြည့်ဖို့မှ
မဟုတ်ခဲ့တာ…..။    ။

In: ကဗျာ Posted By: Date: Feb 7, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment