Professional Authors

ကဗျာ

အရမ်းမွှေးတာပဲတဲ့
ဒါ….နှင်းဆီပန်းကြိုက်တဲ့သူကပြောတာ
မွှန်ထွန်နေတာပဲတဲ့
ဒါ….နှင်းဆီပန်းမကြိုက်တဲ့သူကပြောတာ

အရမ်းမွှေးတာပဲတဲ့
ဒါ….ငါးပိရည်ကြိုက်တဲ့သူကပြောတာ
နံစော်နေတာပဲတဲ့
ဒါ…ငါးပိရည်မကြိုက်တဲ့သူကပြောတာ

အဲဒါကြောင့်ပြောတာ
မင်းပေတံနဲ့….ငါ့ပေတံ
မတူပါဘူးလို့

ကဗျာဆိုတာ…..
ရေးထားတာက”ဒညင်းသီး”ဆိုပေမယ့်
တချို့တွေက”အီး”လို့ပဲသဘောပေါက်သွားလိမ့်မယ်

တစ်ခါတလေပြောပါတယ်……………

In: ကဗျာ Posted By: Date: Jan 26, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment