Professional Authors

တစွန်းတစ

အတိတ်က
ပြဌာန်းချက်တစ်ခုအကြောင်းပေါ့…

အသည်းနှလုံးအတွက်
အနာဂတ်တစ်ခုလုံး
သူမဆီဆက်ကပ် အမှောင်နက်နက်တွေထဲ
အိပ်မက်တွေလဲအောင်ထိ မိုက်ခဲ့ဖူးတယ်…

သူမအပြုံးမှာ ဘာမှမပါတာသိသားနဲ့
ရင်ဘတ်ကိုဆွဲဖွင့်ခဲ့တဲ့အဲဒီမြို့မှာ
ကဗျာတွေရွာချ
နောက်ဆုံးအတူစားခဲ့တဲ့ ညနေစာဟာ
အနုတ်နဲ့ထွက်တဲ့ ၀င်သက်တစ်ခုပေါ့ကွယ်…

ငါမလိမ်ပါဘူးကွယ်
လွမ်းပါတယ်  တမြှင်းမြှင်းလောင်နေရင်းပေါ့
ဆုံမှတ်တစ်စက်တစ်ပြောက်အတွက်
ထုတ်ချင်းခတ်ခံရတာတွေ အရာအထောင်
နွေတွေလဲ ငါနဲ့အတူလောင်ခဲ့တာပါပဲ….

သူမရဲ့ ရယ်သံနဲ့ငိုသံတွေကြား
သေလိုက်ပြန်ရှင်လိုက်နဲ့
အသူရကယ်ဘွဲ့တစ်ခုတော့ရလိုက်ပါရဲ့
သတိတရ အကြင်နာတွေလဲ
အဲဒီစိတ်နဲ့ မြေကျရတာပါပဲ…

ပြန်လာမိမှာစိုးလို့
ဝေးဝေးမှာပဲနေပါတယ်
သူမ ဆံနွယ်ဒွေးချိုးအတွက်
ယပ်ခတ်ယူရလောက်အောင်
ငါ့ ရင်ခုန်သံတွေ မနွေးသင့်တော့ဘူးကွယ်..

တစ်ချိန်က အချစ်ဆုံးညနေခင်းထဲ
ငါ့အသည်းကိုငါပြန်ထည့်
သူမရဲ့ ဆန္ဒတွေတည့်တည့်မှာ
စကားလုံးခါးခါးတွေနဲ့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ကြောင်းပေါ့လေ
ပြီးခဲ့တာတွေ ပြီးပါစေ…. 

In: ကဗျာ Posted By: Date: Jan 22, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment