Professional Authors

အပြန်လမ်း

သူဆုံးပါးခဲ့ပြီ

ဒီသတင်းဟာ ရုပ်သံသတင်းကို ဂယက်ရိုက်စေတယ်

သစ္စာလေးပါးကို လှုပ်ခတ်နှိုးတယ်

ကိုယ်တို့မျှော်လင့်ခဲ့တဲ့ valentine day ဟာ လေးရက်မြောက်ခဲ့

သူ ဘယ်အချိန် ပြန်သတိရလိမ့်မလဲ

 

လက်ဝါးကပ်တိုင်မှာ ပိတ်အရိုက်ခံလိုက်ရတဲ့ ခြင်တကောင်ရဲ့ မိုက်မဲမှုမျိုး

သူ့အရိုးပြာတွေနဲ့ နောက်ဆုံး ဖုံးလွှမ်းပေးသွားခဲ့တဲ့ ကမ္ဘာဟာ ခုထိ

ကိုယ့်ကို နွေးထွေးစေတုန်း…

 

တစိမ်းဆန်ဖို့ ကိုယ်တို့တချိန်တုန်းက ရင်းနီးခဲ့ကြဖို့လိုတယ်

နှလုံးသားချင်းလား နှုတ်ခမ်းပါးချင်းလား

လိုက်ဖက်ထောင့်တချိုးစီမှာ ကိုယ့်တန်ဖိုးနဲ့ကိုယ်

မသိကိန်းတလုံးကို ကိုယ်တိုင်ရှာဖွေခဲ့ကြ

မိစ္ဆာဝါဒနဲ့ စကားလုံးတွေလည်းဖောင်းပွ

ကိုယ်တို့စောင်းကို ဘယ်မာန်နတ်က ကြိုးဖြတ်သွားခဲ့သလဲ

 

အိမ်ခေါင် မိုးယိုနေမှတော့

လက်ရန်းဖြစ်ခွင့်ရတဲ့ဘ၀ကို

ကိုယ်က ဘာလို့တပ်မက်နေရတာလဲ

ဒါကို မနုလို့ ခေါင်းစဉ်တပ်ကြလိမ့်ဦးမယ်

တနေ့နေ့တော့ တို့တွေ မီးခိုးခြင်းပေါင်းစပ်ခွင့်ရလိမ့်ဦးမယ်

အဲဒီအချိန်ကျရင်

ဓားမိုးလှံမိုးတို့ တဖြိုင်ဖြိုင်ကျ

8.7 စကေးနဲ့ ကမ္ဘာမြေ တအုန်းအုန်းထ

ကိုယ်တို့နှစ်ယောက်ရဲ့ အိမ်ငယ်လေး ပြန်လည် အသက်ဝင်လာလိမ့်ဦးမယ်

 

 

 

 

 

 

In: ကဗျာ Posted By: Date: Jan 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment