Professional Authors

အမိန့်တော် ပြန်တမ်း

ဤသစ်သီးအား သင်တို့ မစားလင့်

(ဘုရားသခင် … တမန်တော် … နတ်ဆိုး )

………………………

…………..

……

ကျန်ုပ်တို့သည် ထိုအဆိပ်တို့ဖြင့် စီရင်အပ်သော သစ်သီးအား စားသုံးမိ၏

သို့သော် နောင်တ တရားသည် ကျွန်ုပ်တို့၏ နောက်ကျောတွင်သာ နေအပ်၏

အသင့်အား ကျွန်ုပ် ဘ၀ထဲသို့ ၀င်ခွင့်ပြု၏

အကျွန်ုပ်အား မလွှတ်ခဲ့လင့် အရှင်

အရှင့်၏ လက်ဝဲဘက်၌ ကျွန်ုပ် ငြိမ်သက်စွာ နေအပ်၏

အကျွန်ုပ်တို့ နှစ်ဦးလုံးသည်

ဧဒင်ဥယျဉ်၏ အရှေ့ရပ်၌ ဓူဝံကြယ်အား ရှာဖွေမိခဲ့ကြ၏

ဤလေးကိုင်း၌ ဤမြှားကို တပ်ခါ

အကျွန်ုပ်အား ပစ်ခတ်လင့်သော်ကား

အကျွန်ုပ်၏ နှလုံးသားမှာ မကွဲအက် မပျက်စီး

ပကတိ အတိပြီး၏

အရှင် သုံးဆောင်တော် မူလော့….

 

အရှင်၏ အသက်ဖြင့် တည်ဆောက်အပ်သော

ထိုတံတိုင်းတို့သည် ခိုင်မြဲလှပါပေ၏

အရှင်၏ ဂရုဏာတော်ဖြင့် လွှတ်တင်အပ်သော

ထိုမီးအိမ်သည် တောင်တန်းတို့အား လှိုက်ဟီးစေ၏

အရှင်၏ ချစ်ခြင်းတရားဖြင့် ကျားကန်ပေးထားတော်မူသော

ထိုဒေါက်တိုင်သည် ပင်လယ်ပြင်တို့အား ဆိတ်သုန်းစေ၏

ထိုတံတိုင်းတို့သည် ကျွန်ုပ်အား နွေးထွေးမှုပေး၏

ထိုတောင်တန်းတို့သည်လည်း ကျွန်ုပ်အား ဘေးကင်းစေ၏

ထိုမီးအိမ်ဖြင့် ကျွန်ုပ်၏ စကြာဝဠာသည် လင်းချင်းလှ၏

ထိုပင်လယ်ပြင်ထက်တွင် ကျွန်ုပ်သည် အေးမြတိတ်ဆိတ်လှ၏

အရှင် လှမ်းလာရော့…..

အရှင့်ရှေ့တော်မှောက်တွင် ကျွန်ုပ်၏ ဒူးတို့အား ကွေးညွှတ်အပ်သည်

တဆတ်ဆတ်တုန်လှုပ်သော ထိုနှုတ်ခမ်းဖျားတို့ဖြင့်

ဘုန်းတော်ဘွဲ့အလင်္ကာကို ဆက်သအပ်၏

အို….အရှင်

ကျွန်ုပ်အား ချစ်ခြင်းဖြင့် ထွေးပွေ့တော်မူလော့….

 

In: ကဗျာ Posted By: Date: Jan 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment