Professional Authors

အဝေးတနေရာသို့….

 

မဆုံးနိုင်တဲ့ မနက်ဖြန်တိုင်းမှာ

အလွမ်းဟာ တိတိပပ နိုးထ..

ဒါဟာ ချစ်ခြင်းတရားလို့ ခေါင်းစဉ်တပ်တော့

ဟိုးအဝေးက တိမ်တစက ကိုယ့်ကို လှောင်တယ်

 

ကိုယ် မနက်တိုင်းသောက်တဲ့ ကော်ဖီတခွက်ဟာ သူပေါ့

သူ နေ့တိုင်းလျှောက်နေကျလမ်းကလေး ကိုယ် ဖြစ်ချင်ရဲ့

ကိုယ်တို့နှစ်ယောက်ကြား

အလွမ်းဟာ ဘယ်တော့မှ လိပ်ပက်မလည်ခဲ့ဘူး

ဒီသောကြာနေ့လေးတွေ မကုန်ပါစေနဲ့ကွယ်…

 

ရေးကြီးခွင်ကျယ်ဆိုတာထက် အရေးတကြီးပြောဖို့လိုတာက

ကိုယ် မင်းကို နက်နက်နဲနဲ ချစ်တယ်

နှစ်နာရီမကလို့ တကမ္ဘာလုံးခြားရင်ခြား

ကိုယ်တို့နှစ်ယောက်ကြား ငရဲချောက်ကြီးလည်း

သည်လောက်မနက်ပါဘူးကွဲ့

တနေ့ ကိုယ်တို့ ဆုံတွေ့ကြလိမ့်ဦးမယ်

 

ဓားသွားပေါ်မှာ တင်နေတဲ့ ပျားရည်တစက်

အာရုံငါးပါးလုံး လောင်နေတဲ့ မီး

သံသရာတကျော့လုံး ရူးသွပ်ကြစို့ရဲ့

 

 

 

In: ကဗျာ Posted By: Date: Jan 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment