Professional Authors

လပြည့်နေ့

ဒီပြာသိုလပြည့်နေ့ဟာလည်း

အရင်ပြာသိုလပြည့်တွေလိုပဲ

လကလည်း ၀ိုင်းဝိုင်းစက်စက်

အိမ်လေးက နွေးနွေးထွေးထွေး

ကျွန်မကလည်း အရင်လိုပဲ အဝေးတနေရာမှာပေါ့


ကိုကြီးက အမေ့ရဲ့ ဥတုသုံးပါး

မကြီးက အမေ့လက်သုံး တောင်ဝှေးလေး

ကျွန်မကတော့ အမေ လွှတ်တင်လိုက်တဲ့ကောင်းကင်မှာ

မလင်းတလှည့် လင်းတလှည့် ကြယ်တပွင့်ပေါ့

ဒီအချိန် မိသားစု ဆောင်းမီးဖိုလေးဘေးမှာ

ကျွန်မအကြောင်းဟာ ခမ်းနားနေလိမ့်ဦးမယ်


ကျွန်မ ငယ်ငယ်က သိပ်ဆိုးတဲ့အကြောင်း

အမေက တခုတ်တရ ဖွဲ့ဆိုလေဦးမယ်

နေများကောင်းပါ့မလားလို့ ပူပင်ကြလိမ့်ဦးမယ်

အမေအသံမထွက်တတ်တဲ့ ဘွဲ့တွေ တခုပြီးတခု

ဒါကိုပဲ အမေက ဂုဏ်ယူလိမ့်ဦးမယ်


သူ့ဈေးဗန်းအောက်က ၅၀ တန် အနွမ်းလေးနဲ့

သူ့သမီးငယ်လေးရဲ့ တစုံတည်းသော ကျောင်းအကျီ င်္

ဒါဟာ performance တခုမဟုတ်ဘူး

အမေ့လက်ကြားထဲက ရွံ့နွံတွေနဲ့

ကျွန်မဘ၀ကို ဆေးကြောခဲ့

ရေမြင့်လေ ကြာတင့်လေဆိုရင်

အဲဒီနွံထဲက ထွက်လာခဲ့ပါတော့ အမေ

အမေထမ်းပိုးထားတဲ့ ဒီဝန်ထုပ်အတွက် ပင်ပန်းလှပါပြီ

ဒီတလှည့်တော့

အဲဒီမာန်နတ်ကို ကျွန်မ တိုက်ပါရစေ


အသက် ၆၀ ကျော် အဘွားအိုနဲ့

အသက် ၃၀ နား မိန်းမပျိုတယောက်ရဲ့ကြား ခြားနားမှုက

ယိုင်လဲ့လဲ့ခြံစည်းရိုးတခုပါပဲ

ကျွန်မတို့ ခြံဝန်းလေးကို အတူတူပြင်ဆင်ကြစို့အမေ

ကျွန်မကို အမေ့ဧည့်ဆောင်ထဲက ဓာတ်ပုံတခုထက်

ပိုပြီး အဓိပာယ် သက်ရောက်ခွင့်ပြုပါ

 

  

 

 

 

 

In: ကဗျာ Posted By: Date: Jan 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment